နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေ့ကျင့်ပျံသန်းနေသည့် အမေရိကန်စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရခြင်းကို FBI စုံစမ်းနေ

ဝါရှင်တန်၊ ဩဂုတ် ၁၄


ဗာဂျီးနီးယားပြည်နယ်ပေါ်တွင် ပုံမှန်လေ့ကျင့်မှုပြုလုပ်နေစဉ် အမေရိကန်စစ်တပ်၏ရဟတ်ယာဉ်တစ်စင်း ကျည်ဆန်ထိမှန်ခဲ့သည့်ဖြစ်ရပ်အတွက် FBI က စုံစမ်းစစ်ဆေးမှုပြုလုပ်နေသည်။ ပြီးခဲ့သည့်တနင်္လာနေ့ မွန်းလွဲပိုင်းက ဗာဂျီးနီးယားပြည်နယ်မြောက်ဘက် မာနက်ဆက်ဒေသန္တရလေဆိပ်မှ ၁၀ မိုင်အကွာတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ်အမှုထမ်းတစ်ဦး ဒဏ်ရာရခဲ့ပြီး ရဟတ်ယာဉ်လည်း အရေးပေါ် ဆင်းသက်ခဲ့ရသည်။ ရဟတ်ယာဉ်မှာ အမြင့်ပေ ၁၀၀၀ ဝန်းကျင်တွင် ပျံသန်းနေစဉ် ကျည်ဆန်ထိမှန်ခဲ့ခြင်းဟု အရာရှိများက ပြောသည်။ 


အဆိုပါဖြစ်ရပ်ကို မြင်တွေ့သည့် မျက်မြင်သက်သေများရှိပါက သိရှိသမျှကို ထုတ်ပြောပေးကြရန် အရာရှိများက မေတ္တာရပ်ခံထားသည်။ ဒဏ်ရာရခဲ့သည့် ရဟတ်ယာဉ်အမှုထမ်းကို ဆေးရုံတင်ပို့ခဲ့ရသော်လည်း နောက်ပိုင်းတွင် ဆေးရုံမှပြန်ဆင်းခဲ့သည်။ UH-1N Huey ရဟတ်ယာဉ်မှာလည်း ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့သည်ဟု လေတပ်က ပြောသည်။ The squadron ရဟတ်ယာဉ်မှာ စစ်ဘက်ဆိုင်ရာနှင့် အရပ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိများ၊ ဂုဏ်သရေရှိ လူကြီးမင်းများကို ပို့ဆောင်ပေးရန်နှင့် ဆေးကုသမှုခံယူရမည့်သူများကို တင်ဆောင်ရန် အသုံးပြုနေခြင်း ဖြစ်သည်။ 


ယင်းတို့အနေဖြင့် အဆိုပါဖြစ်ရပ်အပေါ် ဆုံးဖြတ်နိုင်ရန်အတွက် အမေရိကန်လေတပ်၏ အထူးစုံစမ်း စစ်ဆေးရေးရုံးအပါအဝင် အခြားအေဂျင်စီများနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြောင်း FBI က ပြောသည်။ မြေပြင်ပေါ်တွင် ရှိနေသူတစ်ဦးက ပစ်ခတ်ခဲ့ခြင်းဟု အရာရှိများက ဆိုသော်လည်း ရဟတ်ယာဉ်ကို ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခြင်း သို့မဟုတ် လေထဲသို့ ကျပန်းပစ်ခတ်ခဲ့ခြင်းဆိုသည့်အချက်ကို တိတိကျကျ မသိရသေးပေ။


KNT






အခြားဆက်စပ်သတင်းများ