နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖလားရပြီးမှထုတ်ပယ်ခံရတဲ့ ဘောလုံးလောကထဲက နည်းပြများ

ဩဂုတ်  ၁၄


လောလောလတ်လတ်ထုတ်ပယ်ခံထားရတာက ဆာရီပါ။ ဂျူဗင်နည်းပြဆာရီဟာ စီးရီးအေဖလား ရယူပေးထားတာပါ။ ဒါပေမယ့် လိုင်ယွန်ကို ချန်ပီယံလိဂ်မှာ အဝေးပေးဂိုးနဲ့ပြိုင်ပွဲကထွက်ခဲ့ရတာကြောင့် ထုတ်ပယ်ခံရတာပါ။ နည်းပြ ဆာရီကို ထုတ်ပယ်တာတချို့ကမတရားဘူးလို့ထင်ကြပါတယ်။


ဆာရီကိုပရိသတ်တွေစိတ်ပျက်နေတာကလည်း တော်တော်ကြာနေပါပြီ။ လူစားလဲမမှန်၊ နည်းစနစ် ကစားကွက်မတည်ငြိမ်တာတွေကြောင့်ထုတ်ပယ်ခံရတာပါ။ အူနိုင်းအမ်မရီကလည်း ဆီဗီးလားကိုယူရိုပါလိဂ် သုံးကြိမ်ယူပေးခဲ့ပါတယ်။ နောက် PSG ကိုရောက်သွားပြီး အမ်ဘာပေတို့အုပ်စုကိုမကျော်နိုင်ပါ။   PSG နဲ့ အတူ လီဂူးဝမ်းနဲ့ ပြည်တွင်းဖလားလေးလုံးကို ၂ နှစ်အတွင်းယူပေးခဲ့သူပါ။ အဲဒီဖလားတွေရပြီးတဲ့နောက် ဘာစီကို ပထမပွဲမှာ လေးဂိုးပြတ်နိုင်ပြီးနောက်ပွဲမှာတော့ ၆-၁ နဲ့ရှုံးခဲ့လို့ ပြိုင်ပွဲကထွက်ခဲ့ရတာကြောင့် အမ်မရီလည်း ထုတ်ပယ်ခံခဲ့ရပါတယ်။


စပါးကိုအမှတ်တွေဖြတ်ထား၊ မန်စီးတီးကိုအမှတ်တွေဖြတ်ထားခဲ့ပေမယ့် ချဲလ်ဆီး ပရီးမီးယားလိဂ်ရမလာခဲ့တဲ့နည်းပြကတော့ ကွန်တီပါပဲ၊ ကွန်တီဟာချဲလ်ဆီးကို ၇၃ ပွဲကိုင်တွယ်ခဲ့ရာမှာ ၅၀ပွဲ အနိုင်ရခဲ့တာပါ။ FA ဗိုလ်လုပွဲမှာ မန်ယူကိုအနိုင်ရပြီး ဖလားကိုင်မြှောက်ပြီးတာနဲ့ ကွန်တီထုတ်ပယ် ခံခဲ့ရပါတယ်။ ပရီးမီးယားကနည်းပြကြီး ဗန်ဟားကလည်း ပထမရာသီမှာ အဆင်မပြေမှုတွေရှိပေမယ့် နောက်ရာသီမှာ FA ဖလားဗိုလ်စွဲခဲ့သူပါ။


ဒါပေမယ့် ပထမရာသီကလို ချန်ပီယံလိဂ်ဝင်ခွင့်မရတော့ပါ။ နည်းပြကြီး ဖာဂူဆန်အပြီး ပထမဆုံး ဖလားရအောင်စွမ်းဆောင်ခဲ့ပေမယ့် မော်ရင်ဟိုနဲ့ ချက်ချင်းအစားထိုးခံခဲ့ရတာကြောင့် ဖလားရပြီး အထုတ်ခံရတဲ့နည်းပြတစ်ဦးပါ။ ပရီးမီးယားနည်းပြများလို လာလီဂါလိဂ်က ရီးရဲလ်နည်းပြ ဒယ်ကော့စကွီ အထုတ်ပယ်ခံခဲ့ရပါတယ်။ ဘာကြောင့်ထုတ်ပယ်မှန်း အခုထိရှင်းရှင်းလင်းလင်းမသိကြသေးပါဘူး။ ဖြစ်နိုင်တာကတော့ အဝတ်လဲခန်းအတွင်းက ပြဿနာထင်ပါတယ်။


နည်းပြနဲ့ကစားသမားတွေတင်းမာမှု ဖြစ်ခဲ့တာပါ။ ဒယ်ကော့စကွီ လေးနှစ်တာဝန်ယူချိန်မှာ လာလီဂါဖလားနှစ်လုံး၊ ချန်ပီယံလိဂ်နှစ်လုံးနဲ့ အခြား ဖလားသုံးလုံးရခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်တို့ကတော့ ကော့စကွီကို ထုတ်ပယ်လိုက်ကြပါတယ်။ ဒါကြောင့် ဘောလုံးနည်းပြများ ဖလားတွေရအောင်စွမ်းဆောင်ပြနေရုံနဲ့ အသင်းနဲ့မြဲမယ်လို့ အပြည့်အဝယုံကြည်လို့ မရကြတော့ပါ။                                                                                                                          


(SO)






အခြားဆက်စပ်သတင်းများ