နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဓိကချန်ပီယံဆုနှင့် အလှမ်းဝေးနေတဲ့ မက်ကယ်ရွိုင်း ယူအက်ပီဂျီအေဖလားရဖို့မျှော်လင့်

ဩဂုတ်  ၁၄


မြောက်အိုင်ယာလန်ဂေါက်သီးရိုက်ကစားသမား မက်ကယ်ရွိုင်းဟာ အဓိကချန်ပီယံဆုတွေနဲ့ အလှမ်းဝေးနေတာတွေကို ယူအက်စ်ပီဂျီအေဖလားမှာ အဆုံးသတ်ပစ်ဖို့ရည်ရွယ်ထားပါတယ်လို့ပြောဆိုပါ တယ်။ ဂေါက်သီးရိုက်ပြိုင်ပွဲများကို ကိုဗစ်-၁၉ကြောင့်ရပ်နားထားခဲ့ရာမှ ယခုသတင်းပတ်မှာ အမေရိကန်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ယူအက်စ်ပီဂျီအေချန်ပီယံရှစ်ပြိုင်ပွဲကို ပြန်လည်ကျင်းပတော့မှာဖြစ်ပါတယ်။


အဆိုပါ ပြိုင်ပွဲကိုပရိသတ်မပါဘဲကျင်းပမှာဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်ပရိသတ်ပါဝင်ခြင်းမရှိတဲ့ အခြား ပြိုင်ပွဲငယ်များမှာ မက်ကယ်ရွိုင်းရုန်းကန်နေခဲ့ရပါတယ်။ “ဒီလိုမျိုးပြိုင်ပွဲတွေကစားရတာ ကျွန်တော့်အတွက် အသစ်တော့မဟုတ်ပါဘူး။ ဒီမတိုင်ခင်ကလည်း တိုးလ်ပြိုင်ပွဲတွေပါဝင်ယှဉ်ပြိုင်ခဲ့ပြီးသားပါ။ ကျွန်တော်က ပရိသတ်မပါဝင်ဘဲကစားရတဲ့အခါ ပုံမှန်လိုဖြစ်မနေဘူးလို့ ကိုယ့်ကိုယ်ကိုယ်သုံးသပ်မိပါတယ်။ အမှတ်ပြသူလည်း မရှိ၊ ကိုယ့်လူတွေကိုလည်းမမြင်ရနဲ့ကစားရတာမလွယ်ကူပါဘူး။ 


ဒါပေမယ့် ဒီအချိန်မှာတော့ ပရိသတ်မပါဘဲ အသားကျအောင်ကစားနိုင်ဖို့ကြိုးစားရမှာပါ။ ပရိသတ်ပါရင်တော့ပိုကောင်းမှာဖြစ်ပေမယ့်၊ ကစားရတာ ကံကောင်းပါတယ်။ ဒီတစ်ပတ်မှာတော့ အဓိကချန်ပီယံဆုတွေနဲ့အလှမ်းဝေးနေတာကို အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ မက်ကယ်ရွိုင်းကဆိုခဲ့ပါတယ်။                                                                  


  (SO)






အခြားဆက်စပ်သတင်းများ