နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လွိုင်လင်မြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

လွိုင်လင် ဩဂုတ် ၁၄


 ဩဂုတ် ၁၂ ရက်၊ ည ၈ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လွိုင်လင်မြို့နယ်၊ နမ့်လင်းကျေးရွာအနီး၊ ပင်လုံ-လဲချားသွားကားလမ်းတွင် ရာဇာမောင်းနှင်ပြီး မစန္ဒာအေး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် ကျော်စိုးမိုးမောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်တို့အား ရပ်တန့်ရှာဖွေရာ မစန္ဒာအေးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၇,၈၀၀ ပြား၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် ကျော်စိုးမိုး ထံမှ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မစန္ဒာအေး(၁၉)နှစ်၊ ရာဇာ(၃၂)နှစ်၊ ကျော်စိုးမိုး(၄၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 အလားတူ ဩဂုတ် ၁၁ ရက်၊ ည ၈ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မိုးကုတ်မြို့နယ်၊ လယ်ကြီးကျေးရွာအုပ်စု၊ လယ်ကြီးကျေးရွာ၊ လယ်ကြီးစစ်ဆေးရေးဂိတ်တွင် မျိုးဆက်(ခ)ခေါလေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၉,၅၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဩဂုတ် ၁၂ ရက်၊ နံနက် ၈ နာရီအချိန် မိုးကုတ်မြို့၊ ရှောလီဝိုင်းရပ်ကွက်၊ ဆင်ဖြူရှင်လမ်းတွင် လုံးခွန် (ခ)အားစိမ်အား CRV အမျိုးအစားမော်တော်ယာဉ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးတို့နှင့်အတူ သိမ်းဆည်း ရမိခဲ့သဖြင့် မျိုးဆက်(ခ)ခေါလေး(၂၇)နှစ်၊ လုံးခွန်(ခ)အားစိမ်အား(၂၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။   


ဆွေဦး






အခြားဆက်စပ်သတင်းများ