နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွမ်းခြံကုန်းမြို့နယ်တွင် ငွေကျပ် ၇၉ ဒသမ ၉၈ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ

ရန်ကုန် ဩဂုတ် ၁၄


 ဇူလိုင် ၃၁ ရက်၊ ည ၁၀ နာရီခွဲအချိန် လက်ခုပ်ကုန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာအုပ်စု၊ ဆယ်အိမ်တန်းကျေးရွာ၊ တံငါလှေဆိပ်အနီးတွင် မသင်္ကာဖွယ်ရပ်တန့်ထားသော NISSAN CARAVAN အမျိုးအစားမော်တော်ယာဉ်ကိုရှာဖွေရာ ရဲဝေလင်း (ခ)အငယ်လေးအားတွေ့ရှိရပြီး ယာဉ်နောက်ခန်းရှိ ဆာလာအိတ်များအတွင်းမှ အိုက်စ် ၉၉၉ ဒသမ ၈ ကီလိုနှင့် Speed Boat တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ပူးပေါင်းစစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်၊ နမ့်စန်မြို့မှ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ရေလမ်းကြောင်းဖြင့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံကြားရှိ ပင်လယ်ပြင်သို့ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် လင်းလင်းထိုက်(ခ)လင်းငယ်အား ဩဂုတ် ၁ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၇)ရပ်ကွက်၊ ရှုခင်းသာလမ်းရှိဟိုတယ်၌ လည်းကောင်း၊ စိုင်းထွန်းလှိုင်အား ဩဂုတ် ၃ ရက်၊ ညနေ ၅ နာရီခွဲအချိန်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ်၊ လိပ်သိုမြို့၊ ရာဒိုစစ်ဆေးရေးဂိတ်တွင်လည်းကောင်း၊ ကျော်ဦး(ခ)တရုတ်အား ဩဂုတ် ၄ ရက်၊ နံနက်  ၁၁ နာရီခွဲအချိန်တွင် တောင်ကြီးမြို့၊ မီးပုံးပျံကွင်းအနီးတွင်လည်းကောင်း၊ မမိုးသူဇာ(ခ)မိုးမိုးသူ(ခ)မိုးမိုးနှင့် မမိုးသုကဗျာ တို့အား ဩဂုတ် ၄ ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ဟိုပုံးမြို့၌လည်းကောင်း၊ သိန်းရာဇာ (ခ)သိန်းကြီးနှင့် ချစ်ပိုပို(ခ)ချစ်ပိုတို့အား ဩဂုတ် ၉ ရက်၊ နံနက် ၉ နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ဂုံညှင်းနီကျူးကျော် ရပ်ကွက်၊ ခတ္တာလမ်းနေအိမ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် ရဲဝေလင်း(ခ)အငယ်လေး (၂၇)နှစ်၊ လင်းလင်းထိုက်(ခ)လင်းငယ်(၃၂)နှစ်၊ စိုင်းထွန်းလှိုင်(၃၄)နှစ်၊ ကျော်ဦး(ခ)တရုတ်(၄၈)နှစ်၊ မိုးသူဇာ (ခ)မိုးမိုးသူ(ခ)မိုးမိုး(၄၉)နှစ်၊ မိုးသုကဗျာ(၂၂)နှစ်၊ သိန်းရာဇာ(ခ)သိန်းကြီး(၃၀)နှစ်၊ ချစ်ပိုပို(ခ)ချစ်ပို (၂၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားရှိပြီး ၎င်းတို့ထံမှ Speed Boat တစ်စီး၊ မော်တော်ယာဉ် ၉ စီး၊ နေအိမ် ၃ လုံးကို ဖမ်းဆီးရမိခဲ့သဖြင့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများအား  ယာယီချိတ်ပိတ်သိမ်းဆည်း၍ ကွင်းဆက်တရားခံများ ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   


ဆွေဦး






အခြားဆက်စပ်သတင်းများ