နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေတိဂုံ စေတီတော်မြတ်ကြီးအား သင်္ကြန်​ကာလအလွန်​ ယာယီဆက်လက်ပိတ်ထားမည်

ရန်ကုန် ၊ ဧပြီ ၁၈ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ပျံ့နှံ့‌နေသောကပ်ရောဂါဆိုး COVID 19 ကြောင့် ရန်ကုန်မြို့တွင်းဖြစ်ပေါ်နေသောအခြေအနေနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏အမိန့်ထုတ်ပြန်ချက် ( အမိန့်အမှတ် ၃၇/၂၀၂၀ ) အရ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား သင်္ကြန်​ကာလပြီး​မြောက်​​သော်​လည်​း ယာယီဆက်လက် ပိတ်ထားမည်ဖြစ်ပြီးပြန်လည်ဖွင့်လှစ်မည့်ရက်အား ကြိုတင်အသိပေး ကြေညာသွားမည်ဖြစ်ပါကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ဧပြီ ၁၇ တွင် ထုတ်ပြန်ကြေညာထားသည်။ မြန်မာ့ရိုးရာသကြ်န်တွင်းကာလတွင် ရန်ကုန်မြို့၏အထင်ကရ စေတီတော်မြတ်ကြီးဖြစ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား လတ်တလောဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကိုအထောက့်အပံ့ဖြစ်စေရန်အတွက် ရည်ရွယ်ကာယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက COVID-19 နှင့်စပ်လျဉ်း၍အမိန့်ကြေညာချက် တစ်ရပ်ကို ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် COVID -19ကာကွယ်ထိန်းချုပ်ရေးအတွက် လူငါးဦး ဖြစ်စေ၊ လူငါးဦးထက်ပို၍ဖြစ်စေ စုဝေးခြင်းမပြုလုပ်ရဟူသောအချက်လည်းပါရှိ​ကြောင်​း သိရသည်​။ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က လတ်တလောဖြစ်ပွားနေသောCOVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေးကိုအထောက်အကူပြုစေရန်အတွက် ဧပြီလ ၁၀ ရက်မှ ၁၉ ရက်အထိ ရွှေတိဂုံစေတီတော်ကြီးအားယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။သိုသော်လည်း လက်ရှိအခြေအနေအရ အဆိုပါရောဂါဖြစ်ပွားသူအရေ အတွက် တိုးလာခြင်းကြောင့် ပိတ်ရက်ကိုတိုးမြှင့်လိုက်ခြင်းဖြစ်သည်။ ရွှေတိဂုံစေတီတော်ကြီးသည်ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏အထွတ်အမြတ်ထားရာစေတီတော်ကြီးဖြစ်ပြီး နေ့စဉ် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများလာရောက်ရာနေရာလည်းဖြစ်သည်။ စေတီတော်ကြီးအား ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ကြိုတင်အသိပေးကြေညာသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ​မင်​းခ ပုံစာ - ​ရွှေတိဂုံ ​စေတီ​တော်​မြတ်​ကြီးကိုကြည်​ညိုဖွယ်​​တွေ့မြင်​ရစဉ်​။ မျိုးလှိုင် (တွံတေး)






အခြားဆက်စပ်သတင်းများ