နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်လေဆိပ်သို့ အများပြည်သူဝင်ရောက်ခွင့် ကန့်သတ်

ရန်​ကုန်​အပြည်ပြည်ဆိုင်ရာလေဆိပ်အဆောက်အအုံများအတွင်းသို့ တရားဝင် လေယာဉ်လက်မှတ် ကိုင်ဆောင်သူခရီးသည်များနှင့် တာဝန်ကျလေဆိပ်ဝန်ထမ်းများမှအပ အများပြည်သူ ဝင်ရောက်ခွင့်ကို ကန့်သတ်သွားမည်ဖြစ်ကြောင်း အဆိုပါလေဆိပ်မှ မတ် ၂၈ ရက်က ထုတ်ပြန်သည်။ မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုန်ပြန်ချက်နှင့်အညီ ကူးစက်မြန်ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်တစ်ရပ်အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆောက်အအုံများအားလုံးသို့ မတ် ၂၉ ရက်မှစ၍ ခရီးသည်များနှင့် တာဝန်ကျလေဆိပ်ဝန်ထမ်းများကိုသာ ဝင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။ ခရီးသည်များအား လိုက်ပါပို့ဆောင်/ကြိုဆိုကြသူများအနေဖြင့် လေဆိပ်အဆောက်အအုံများအတွင်းသို့ ဝင်ရောက်ခွင့်ရရှိတော့မည်မဟုတ်ဘဲ တရားဝင်လေယာဉ်လက်မှတ်ကိုင်ဆောင်သူခရီးသည်ကိုသာ ဝင်ခွင့်ပြု မည်ဖြစ်သည်။ အဆိုပါထုတ်ပြန်ကြေညာချက်သည် မတ် ၂၉ ရက်မှ စတင် သက်ရောက်မည်ဖြစ်ကြောင်း သိရသည် (မေဘယ်လ်အောင်)






အခြားဆက်စပ်သတင်းများ