နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နာမည်ကြီးဗီဒီယို Content ဖန်တီးသူများကို Tik Tok ငွေပေးသွားမည်

ဩဂုတ် ၁၃ video-sharing app တစ်ခုဖြစ်သည့် TikTok သည် ဗွီဒီယိုဖန်တီးသူများအတွက် ဒေါ်လာသန်း ၂၀၀ တန် ရန်ပုံငွေတစ်ရပ်ကို ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ကြေညာခဲ့ပြီးဖြစ်သည်။ TikTok Creators Fund အစီအစဉ်က ကနဦးရန်ပုံငွေအဖြစ် လူကြိုက်များသည့် ဗီဒီယို content ဖန်တီးသူများကို ဒေါ်လာသန်း ၂၀၀ ရန်ပုံငွေပေးသွားမည်ဟု ပြောထားသည်။ Creators Fund ၏ ပထမသုတ်အဖြစ် နာမည်ကျော် video creator ၁၉ ဦးကို ရွေးချယ်ထားကြောင်း The Verge သတင်းတွင် ဖော်ပြထားသည်။ ဇူလိုင်လကုန်ပိုင်းတွင် ကြေညာခဲ့သည့် ဒေါ်လာသန်း ၂၀၀ တန် ရန်ပုံငွေအစီအစဉ်သည် creator များကို ပေးချေမှုပြုလုပ်မည်ဖြစ်ကြောင်း ပေးချေမည့်ပမာဏကို မကြေညာရသေးကြောင်း ယင်းအစီအစဉ်၏ ပြောရေးဆိုခွင့်ရှိသူက ငွေပေးချေမှုပုံစံကို စီစဉ်နေဆဲဖြစ်ကြောင်း ပြောထားသည်။ Creators Fund တွင် ပါဝင်မည့်သူများထဲမှ အသက် ၁၈ နှစ်နှင့် အထက် ဖြစ်ရန်လိုအပ်ပြီး TikTok တွင် follower ၁၀၀၀၀ နှင့် အထက်ရှိရမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ရက် ၃၀ အတွင်း ဗီဒီယိုကြည့်ရှုသူပေါင်း 10K (၁၀၀၀၀) အနည်းဆုံးရှိရန်လိုကြောင်း ပြောထားသည်။ ကိုယ်တိုင်ဖန်တီးထားသည့် Original Contents များ ဖြစ်ရန်လိုပြီး ကုမ္ပဏီ၏ လူမှုကွန်ရက်စံများ ချိုးဖောက်ခြင်းမရှိရကြောင်း သတ်မှတ်ချက်များရှိသည်။ ကြော်ငြာမှ ငွေပေးနေသည့် YouTube ၏ Creator Program တွင် ဗီဒီယိုဖန်တီးသူများသည် ယင်းတို့၏ ချန်နယ်တွင် Subscribe လုပ်သူ ၁၀၀၀ နှင့်အထက်ရှိရန်လိုအပ်ပြီး ၁၂ လအတွင်း ဗီဒီယိုကြည့်ရှုမှု နာရီပေါင်း ၄၀၀၀ နှင့်အထက်ရှိရန်လိုအပ်ကြောင်း ကန့်သတ်ထားသည်။ TikTok ၏ Creator Fund က လက်ရှိတွင် အမေရိကန်နိုင်ငံအတွင်းက Video content ဖန်တီးသူများအတွက် အကျုံးဝင်နေသည်။ နောက်ပိုင်းတွင် ကမ္ဘာနှင့်ချီပြီး Creator Fund ထောက်ပံ့နိုင်အောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောထားသည်။ TikTok သည် ရန်ပုံငွေ သန်း ၂၀၀ မှ လာမည့် ၃ နှစ်အတွင်း ဒေါ်လာ ၁ ဘီလျံအထိ တိုးပေး နိုင်ရန်ရည်ရွယ်ထားကြောင်း ပြောထားသည်။ (HWY)






အခြားဆက်စပ်သတင်းများ