နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေးနိုင်ငံတွင် တစ်နှစ်ကျော်အတွင်း စတုတ္ထမြောက်ရွေးကောက်ပွဲ ကျင်းပရဖွယ်ရှိ

ဧပြီ ၁၈၊ ဂျေရုစလင် အစိုးရဖွဲ့စည်းရန် သတ်မှတ်ကာလ ကုန်ဆုံးသွားခဲ့ခြင်းကြောင့် အစ္စရေးနိုင်ငံအနေဖြင့် တစ်နှစ်ကျော်ကာလအတွင်း စတုတ္ထမြောက် ရွေးကောက်ပွဲကျင်းပရမည့် အလားအလာ ရင်ဆိုင်နေရသည်။ ဗဟိုလက်ဝဲယိမ်းဝါဒရှိသည့် ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင် ဘင်နီဂန့်ဇ်က သွေးစည်းညီညွတ်ရေးအစိုးရ ဖွဲ့စည်းရန် အချိန်မီ ဆွေးနွေးနိုင်ခြင်းမရှိပေ။ ထို့ကြောင့် အစ္စရေးသမ္မတက အစိုးရဖွဲ့စည်းခွင့်ရမည့်သူ ရွေးချယ်ရေးတာဝန်ကို လွှတ်တော်ထံ ပေးအပ်ခဲ့သည်။ လာမည့် ၂၁ ရက်အတွင်း အစိုးရဖွဲ့စည်းရေးအတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရွေးချယ်နိုင်ခြင်းမရှိပါက သြဂုတ်လ ၄ ရက်တွင် ရွေးကောက်ပွဲသစ်များ ကျင်းပရမည်ဖြစ်သည်။ အစ္စရေးနိုင်ငံမှာ တစ်နှစ်တာကာလအတွင်း အဖြေမပေါ်ခဲ့သည့် ရွေးကောက်ပွဲ သုံးကြိမ်တိုင်တိုင် ကျင်းပခဲ့ရပြီး နိုင်ငံရေးအကျပ်အတည်း ရင်ဆိုင်နေရသည်။ ယခုနောက်ဆုံး ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် နေတန်ယာဟု၏ လက်ယာဝါဒ လီကုဒ်ပါတီက ဘင်နီဂန့်ဇ်၏ Blue and White ပါတီထက် အမတ်နေရာ ပိုရခဲ့သည်။ သို့သော် ဘင်နီဂန့်ဇ်ကို ထောက်ခံသည့် လွှတ်တော်အမတ်အရေအတွက်က အနည်းငယ်ပိုများနေ၍ ယင်းက အစိုးရဖွဲ့စည်းခွင့် နှင်းအပ်ခြင်းခံခဲ့ရသည်။ အစ္စရေးနိုင်ငံ စစ်ဦးစီးချုပ်ဟောင်းဖြစ်သည့် ဘင်နီဂန့်ဇ်မှာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခဲ့ခြင်းမရှိပေ။ သို့သော် အစ္စရေးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တွန်းလှန်တိုက်ဖျက်ရန် အတွက် သွေးစည်းညီညွတ်ရေးအစိုးရဖွဲ့စည်းနိုင်ရန် နေတန်ယာဟုနှင့် ဆွေးနွေးမည်ဟု သဘောတူညီထားသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ