နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးတစ်မျိုး စမ်းသပ်ထိုးနှံခဲ့သည့် COVID-19 လူနာများ ရောဂါပြန်သက်သာလာ

ဧပြီ ၁၈၊ ဝါရှင်တန် COVID-19 လူနာများကို remdesivir ဆိုသည့် ဆေးတစ်မျိုး စမ်းသပ်ထိုးနှံခဲ့ရာ အချိန်တိုအတွင်း ရောဂါသက်သာလာခဲ့ပြီး လူနာအများစုမှာ ရက်ပိုင်းအတွင်း ဆေးရုံမှ ပြန်ဆင်းနိုင်ခဲ့သည်ဟု ရုပ်သံ မှတ်တမ်းတစ်ခုတွင် ဖော်ပြသည်။ remdesivir ဆေးစမ်းသပ်ထိုးနှံမှုတွင် ပါဝင်ခဲ့သည့် COVID-19 လူနာအားလုံးမှာ ပြင်းထန်သည့် အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာများနှင့် ဖျားနာမှု ခံစားနေရသူများဖြစ်သည်။ သို့သော် ဆေးထိုးပြီး ရက်သတ္တပတ်မပြည့်မီ ဆေးရုံမှ ပြန်ဆင်းနိုင်ခဲ့သည်ဟု အဆိုပါစမ်းသပ်မှုကို ဦးဆောင်သည့် ချီကာဂိုတက္ကသိုလ်၏ ကူးစက်ရောဂါဆိုင်ရာ အထူးကုဆရာဝန် မူလာနီက ပြောသည်။ '' ဆေးဝါး စမ်းသပ်ထိုးနှံမှုဆိုင်ရာ သတင်းအချက်အလက် တစ်စိတ်တစ်ပိုင်းဆိုတာ ပြည့်စုံခြင်းမရှိပါဘူး။ အဲဒီအတွက် ဒီအချက်အလက်တွေကိုကြည့်ပြီး စမ်းသပ်နေဆဲ ကုသမှုရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှု၊ ထိရောက်မှုတွေကို ကောက်ချက်မချသင့်ဘူး''ဟု ချီကာဂိုတက္ကသိုလ်က ပြောသည်။ လက်ရှိအချိန်အထိ COVID-19 ရောဂါအတွက် အတည်ပြုချက် ရရှိထားသည့် ကုထုံးမရှိသေးပေ။ remdesivir ဆေးကို Gilead Sciences ကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အီဘိုလာရောဂါသည်များကို စမ်းသပ်ထိုးနှံရာတွင် အောင်မြင်မှု မရခဲ့ပေ။ သို့သော် တိရစ္ဆာန်များကို အကြိမ်ကြိမ် စမ်းသပ်ထိုးနှံရာတွင် SARS ရောဂါ၊ MERS ‌ရောဂါများ အပါအဝင် COVID-19 နှင့် ဆက်နွှယ်နေသည့် ကိုရိုနာဗိုင်းရပ်စ်များကို ကုသနိုင်စွမ်း၊ ကာကွယ်ပေးနိုင်စွမ်းရှိကြောင်း တွေ့ရသည်။ remdesivir ဆေးမှာ COVID-19 ကို ကာကွယ်ပေးနိုင်မည့် အလားအလာတွေ့ရသည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က ပြောခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ