နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်သတင်းအမှားများကြောင့် ၃ လအတွင်း လူ ၈၀၀ သေဆုံး၊ လူ ၅၈၀၀ ဆေးရုံရောက်

ဝါရှင်တန်     ဩဂုတ်    ၁၃


၂၀၂၀ ပြည့်နှစ် ပထမ ၃ လအတွင်း ကိုရိုနာဗိုင်းရပ်စ်နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်အမှားများကြောင့် ကမ္ဘာတစ်ဝန်းတွင် အနည်းဆုံး လူ ၈၀၀ သေဆုံးခဲ့သည်ဟု သုတေသီများက ပြောသည်။ လူမှုကွန်ရက်ပေါ်မှ သတင်းမှားများကြောင့် ဆေးရုံတက်ခဲ့ရသူ ၅၈၀၀ နီးပါး ရှိသည်ဟု American Journal of Tropical Medicine and Hygiene စာစောင်တွင် ဖော်ပြထားသည်။ လူတော်တော်များများက မက်သနော သို့မဟုတ် အယ်ကိုဟောကို အခြေခံထုတ်လုပ်ထားသည့် သန့်စင်ရေးပစ္စည်းများ သောက်မိခဲ့၍ သေဆုံးခဲ့ခြင်းဖြစ်သည်။ ယင်းပစ္စည်းများက ဗိုင်းရပ်စ်ကို ကုသပေးနိုင်သည်ဟု အထင်မှားခဲ့ကြခြင်းဖြစ်သည်။

 

ကိုရိုနာဗိုင်းရပ်စ်နှင့်အတူ ဖြစ်ပေါ်လာသည့် ''သတင်းမှားပျံ့နှံ့မှု(infodemic)'' များကလည်း ဗိုင်းရပ်စ်ကူးစက်မှုကဲ့သို့ ပျံ့နှံ့မှု အားကောင်းခဲ့ပါတယ်။ ထို့ကြောင့် ကြက်သွန်ဖြူ အများကြီးစားပြီး ဗီတာမင် အများအပြား သောက်ကြသည့်အပြင် အချို့ကလည်း နွားကျင်ငယ်ရည်သောက်သည့် ဖြစ်ရပ်များ ရှိခဲ့သည်။ အဆိုပါလုပ်ရပ်များမှာ ယင်းတို့၏ကျန်းမာရေးကို ဆိုးဆိုးရွားရွား သက်ရောက်မှု ဖြစ်စေနိုင်သည်ဟု သုတေသီများက ဆိုသည်။ သတင်းမှားပျံ့နှံ့မှုများကို တွန်းလှန်တိုက်ဖျက်ရန် နိုင်ငံတကာအေဂျင်စီများ၊ အစိုးရအဖွဲ့များ၊ လူမှုကွန်ရက်ပလက်ဖောင်းများတွင် တာဝန်ရှိသည်ဟု အဆိုပါသုတေသနတွင် ကောက်ချက်ချထားသည်။ သို့သော် နည်းပညာကုမ္ပဏီများမှာ နှေးကွေးပြီး မဖြစ်စလောက် တုံ့ပြန်မှုများသာလုပ်ခဲ့သည်ဟု ဝေဖန်ထားသည်။

 

အွန်လိုင်းပေါ်မှ ကောလာဟလများကြောင့် အိန္ဒိယတွင် လူအုပ်ကြီး၏ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အီရန်နိုင်ငံတွင်လည်း အစုလိုက်အပြုံလိုက် အဆိပ်မိခဲ့ကြသည်။ လူမှုကွန်ရက်များမှာ ကပ်ရောဂါကာလတွင် လူလိမ်များကို အမြတ်ထုတ်ခွင့်ပေးသကဲ့သို့ ဖြစ်စေခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှကာကွယ်ပေးနိုင် သည်ဆိုသည့် အဆောင်များ ရောင်းချခြင်း၊ ရေများများရောထားသည့် ဓာတုရည်တစ်မျိုးကို မှော်ဆန်သည့် တွင်းထွက်ရေစင်ဟု လိမ်ရောင်းမှုများရှိခဲ့သည်။   


KNT






အခြားဆက်စပ်သတင်းများ