နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆူပူအုံကြွမှုများဖြစ်ပွားနေသည့် ဘီလာရုစ်နိုင်ငံတွင် ဆန္ဒပြသူ နောက်တစ်ဦး သေဆုံး

မင့်စ်    ဩဂုတ်    ၁၃


အငြင်းပွားဖွယ်သမ္မတရွေးကောက်ပွဲကြောင့် ဆူပူအုံကြွမှုများ ဖြစ်ပွားနေသည့် ဘီလာရုစ်နိုင်ငံတွင် ရဲတပ်ဖွဲ့၏ ထိန်းသိမ်းခံထားရသည့် ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့သည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့က ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒုတိယမြောက် ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ ဂိုမယ်မြို့တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသား သေဆုံးရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးကြောင်း အရာရှိများက ပြောသည်။ သားဖြစ်သူမှာ နှလုံးရောဂါရှိကြောင်း၊ ရဲတပ်ဖွဲ့၏ ဗန်ကားပေါ်တွင် နာရီပေါင်းများစွာ ထိန်းသိမ်းခံခဲ့ရကြောင်း ယင်း၏မိခင်က ပြောသည်။ ဘရက်စ်မြို့တွင် ဆန္ဒပြသူများက တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျည်အစစ်များ အသုံးပြုခဲ့သည်ဟု ဘီလာရုစ်ရဲတပ်ဖွဲ့က ပြောသည်။ ဘီလာရုစ်နိုင်ငံတွင် လေးညဆက်တိုက် ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိရာ အာဏာပိုင်များက အင်အားသုံးခြင်းအပေါ် ကုလသမဂ္ဂက ရှုတ်ချခဲ့သည်။ 


'' ပြီးခဲ့တဲ့ ၃ ရက်အတွင်း ရပ်ကြည့်သူတွေ၊ ကလေးငယ်တွေ အပါအဝင် လူ ၆၀၀၀ ကျော်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းတွေမှာ ခန့်မှန်းထားပါတယ်။ အဲဒီလို လူအများအပြား ဖမ်းဆီးထိန်းသိမ်းတာက နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေကို ထင်ထင်ရှားရှားချိုးဖောက်တယ်လို့ မှတ်ယူစရာပါ''ဟု ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဘာချီလက်က ပြောသည်။ အနည်းဆုံးဆန္ဒပြသူ ၂၀၀ ဒဏ်ရာရခဲ့ပြီး အချို့သူများမှာ ဒဏ်ရာပြင်းထန်သည်ဟု ဆိုသည်။ ၁၉၉၄ ခုနှစ်ကတည်းက အာဏာရ လာသည့် ဘီလာရုစ်ခေါင်းဆောင် လူကာရှန်ကိုက ပြီးခဲ့သည့်တနင်္ဂနွေနေ့ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရပြီဟု ကြေညာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ သို့သော် အဆိုပါရွေးကောက်ပွဲမှာ လွတ်လပ်မျှတမှုမရှိဟု ကုလသမဂ္ဂက ရှုတ်ချခဲ့သည်။   


KNT






အခြားဆက်စပ်သတင်းများ