နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးဇီလန်နိုင်ငံတွင် ကိုဗစ်လူနာသစ် ၁၄ ဦး တွေ့ရှိ

ဝယ်လယ်တန်    ဩဂုတ်    ၁၃


နယူးဇီလန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် အုတ်ကလန်မြို့ကို ပိတ်ဆို့မှု ပြန်လုပ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် နယူးဇီလန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့်လူနာသစ် ၁၄ ဦး တွေ့ရှိခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ ယခုရက်သတ္တပတ်အစောပိုင်းတွင် မိသားစုတစ်စုတည်းမှ မိသားစုဝင်လေးဦး ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ခြင်းမှာ နယူးဇီလန်နိုင်ငံကို တုန်လှုပ်စေခဲ့သည်။ နယူးဇီလန်နိုင်ငံမှာ ပြီးခဲ့သည့် ၁၀၂ ရက်တိုင်တိုင် ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုမရှိခဲ့ပေ။ 


လူနာသစ်လေးဦး တွေ့ရှိခဲ့ပြီးနောက် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က အုတ်ကလန်မြို့တွင် သုံးရက်ကြာ ပိတ်ဆို့မှု ချမှတ်ခဲ့သည်။ ယခုထပ်မံတွေ့ရှိရသည့် ကိုဗစ်လူနာသစ် ၁၄ ဦးအနက် ၁၃ ဦးမှာ ကိုဗစ်ကူးစက်ခံရသည့်မိသားစုနှင့် ဆက်နွှယ်နေသူများဖြစ်ပြီး ကျန်တစ်ဦးမှာ ပြည်ပမှ ပြန်ရောက်လာပြီး အသွားအလာ စောင့်ကြည့်မှုခံယူနေသူ ဖြစ်သည်။ အတည်ပြုလူနာများနှင့် ထိတွေ့မိသူများကိုလည်း အသွားအလာကန့်သတ်စောင့်ကြည့်သွားဖွယ် ရှိသည်ဟု ဆိုသည်။    


KNT






အခြားဆက်စပ်သတင်းများ