နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကာကွယ်ဆေးအပေါ် စိုးရိမ်ပူပန်မှုများ အခြေအမြစ်မရှိဟု ရုရှားတုံ့ပြန်

မော်စကို    ဩဂုတ်    ၁၃


ရုရှားပြည်တွင်းဖြစ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး၏ ဘေးကင်းလုံခြုံစိတ်ချမှုနှင့်ပတ်သက်၍ နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုမှာ လုံးဝဥဿုန် အခြေအမြစ်မရှိကြောင်း ရုရှားနိုင်ငံက ပယ်ချခဲ့သည်။ လူသားများတွင် နှစ်လနီးပါးသာ စမ်းသပ်ထိုးနှံခဲ့သည့် ကာကွယ်ဆေးတစ်မျိုးကို ပြီးခဲ့သည့်အင်္ဂါနေ့တွင် ရုရှားနိုင်ငံက မှတ်ပုံတင်စာရင်းသွင်းပြီး အတည်ပြုပေးခဲ့သည်။ အချိန်တိုအတွင်း၌ပင် ကျွမ်းကျင်ပညာရှင်များက ရုရှားနိုင်ငံ၏ ကာကွယ်ဆေးဖော်စပ်မှု အချိန်အတိုင်းအတာနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း ထုတ်ပြောခဲ့ကြပြီး သံသယရှိသည့် နိုင်ငံအရေအတွက်လည်း မြင့်တက်လာခဲ့သည်။ ဂျာမနီ၊ ပြင်သစ်၊ စပိန်နှင့် အမေရိကန်နိုင်ငံမှ သိပ္ပံပညာရှင်အားလုံးက သတိထားစောင့်ကြည့်ကြရန် တိုက်တွန်းခဲ့သည်။ 


''ရုရှားဆေးဝါးက သိသိသာသာ တစ်ပန်းသာနေတာကို ကျွန်တော်တို့ရဲ့ပြည်ပမိတ်ဆွေတွေ ရိပ်စားမိ နေကြသလိုပါပဲ။ သူတို့က လုံးဝဥဿုန် အခြေအမြစ်မရှိတဲ့ ထင်မြင်ချက်တွေပေးဖို့ ကြိုးစားနေကြတယ်''ဟု ရုရှားကျန်းမာရေးဝန်ကြီး မီခေးလ်မူရက်ရှ်ကိုက ပြောသည်။ ရုရှားနိုင်ငံ၏ ကာကွယ်ဆေးကို မကြာမီ ရရှိလိမ့်မည်ဟုလည်း ယင်းက ဆိုသည်။ ''လာမယ့် ၂ ပတ်အတွင်း ပထမဆုံး ဆေးထုပ်တွေ ရရှိမှာပါ။ ဆရာဝန်တွေက အဓိကဦးစားပေးပါ''ဟု မီခေးလ်မူရက်ရှ်ကိုက ဆိုသည်။ ရုရှားနိုင်ငံက လာမည့်အောက်တိုဘာလတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအများအပြား စတင်ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ဆိုသည်။ သို့သော် Sputnik-V ဟု အမည်ပေးထားသည့် ရုရှားနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ချင့်ချိန်သုံးသပ်ရေးနှင့်ပတ်သက်၍ ရုရှားအာဏာပိုင်များနှင့် ဆွေးနွေးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က  ပြောသည်။ 


Sputnik-V မှာ လူသားများတွင် စမ်းသပ်မှုအများအပြားလုပ်ခဲ့သည့် စမ်းသပ်မှုအဆင့်(၃)သို့ ရောက်ရှိနေသော WHO ၏ ကာကွယ်ဆေး ၆ မျိုးစာရင်းတွင် မပါဝင်ပေ။                                                                                     

KNT






အခြားဆက်စပ်သတင်းများ