နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Oppo မှ Reno 4 ကို မြန်မာနိုင်ငံတွင် မကြာမီ မိတ်ဆက်သွားမည်

ရန်ကုန်    ဩဂုတ်   ၁၂


ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO သည် Reno4 ကို မြန်မာနိုင်ငံတွင် မကြာခင် စတင်မိတ်ဆက်တော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။


OPPO  အနေဖြင့် Reno4 ကို ပြည်တွင်းဈေးကွက်၏ လိုအပ်ချက်နှင့်အညီ ကိုက်ညီအောင် 4G ကွန်ရက်ကို ထုတ်လုပ်တင်သွင်းသွားမည်ဖြစ်သော်လည်း OPPO ၏ သုံးစွဲသူအခြေပြုသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပညာအပေါ် ရင်းနှီးမြုပ်နှံခြင်းမှရခဲ့သည့် ရလဒ်များဖြင့်ပြုလုပ်ထားသော ထူးခြားကောင်းမွန်သည့် နည်းပညာသစ်များ ပါဝင်ကြောင်းသိရသည်။


Reno4 သည် Portrait Photography နှင့် ဗီဒီယိုရိုက်ကူးမှုကို နောက်ထပ်အဆင့်သို့ မြှင့်တင်ပေးမည့် ထူးခြားဆန်းသစ်သော ကင်မရာ Features များနှင့်ထွက်ရှိလာမည်ဖြစ်သည်။ Reno4 သည် မိမိ၏ ကိုယ်ပိုင်ထူးခြားသည့် Style ကို ဖော်ထုတ်နိုင်ရန်၊ “နေ့မိုက် ညချော OPPO Reno4” ဆိုသည့်အတိုင်း မိမိ၏ အကောင်းဆုံးပုံရိပ်ကိုပြသနိုင်ပြီး မိမိ၏ Portrait ကို ရိုက်ချက်တိုင်းတွင် ထင်ပေါ်စေမည်ဖြစ်သည်။


ထို့အပြင် Reno4 တွင် effect များကိုထည့်ပေး၍ ပုံ၏ အခြေခံအရည်အသွေးနှင့် LLHDR Algorithm တို့ပေါင်းစပ်ကာ နောက်ဆုံးတွင် Dynamic Range ပိုကောင်းသည့်ပုံအဖြစ်ယူဆောင်လာပေးမည့် Night Flare Portrait Mode လည်းပါဝင်သည်။ လမ်းမီးရောင်နောက်ခံတွင် Neon Effects များအဖြစ်ပေါ်စေကာ လူကို ပိုမိုထင်ပေါ်စေသည့် Night Flare Mode ဖြင့် ညအချိန်ရိုက်သည့် Portrait ရိုက်ချက်များကို ကျွမ်းကျင်စေနိုင်မည်ဖြစ်သည်။


ဗီဒီယို ပလက်ဖောင်းများပေါ်တွင် သာမန်ဖန်တီးမှုပေါင်ထဲမှ ဖောက်ထွက်သော ဗီဒီယိုများမျှဝေနိုင်ရန် အတွက် Reno4 တွင် ထူးခြားဆန်းသစ်သော ဗီဒီယို feature များကိုလည်း  ထည့်သွင်းပေးထားသည်။ 960fps Smart Slow Motion ဖြင့် တစ်စက္ကန့်အတွင်း Frame ၉၆၀ ကို ရိုက်ကူးထားနိုင်မည်ဖြစ်ပြီး စက္ကန့် အနည်းငယ်အတွင်း မျက်နှာအမူအရာ အနည်းငယ်ပြောင်းသွားသည်ကို ရိုက်ကူးလိုခြင်း၊ ရေ သို့မဟုတ် အမှုန့်တစ်ခုခုဖြန်းလိုက်သည်ကို ရိုက်ကူးလိုခြင်း အစရှိသည့် အမြန်ဖြစ်ပေါ်သွားသည့် လှုပ်ရှားမှုတစ်ခုကို Slow Motion ဖြင့် ရိုက်ကူးနိုင်သည်။


Ultra Steady Video 3.0  နဲ့အတူ Ultra Steady Mode ကိုလည်း ရှေ့ကင်မရာတွင် ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ရမည်ဖြစ်သည်။ အဆိုပါ Mode တွင် ပြင်းထန်သော လှုပ်ရှားမှုများအတွက် ပုံရိပ်ငြိမ် Video များကို သက်သောင့်သက်သာ ရိုက်ကူးနိုင်စေဖို့  ပုံထွက်တည်ငြိမ်မှု စွမ်းရည်ကိုတိုးမြှင့်ထားသည်။ နောက်ကင်မရာရှိ Ultra SteadyVideo၊  Ultra Steady Video Pro တို့ဖြင့် အရည်အသွေးမြှင့် Video များကို လမ်းလျှောက်နေရင်းဖြစ်စေ၊ ပြေးနေရင်းဖြစ်စေ၊ စက်ဘီးစီးနေရင်းဖြစ်စေ စိတ်ကြိုက်ရိုက်ကူးနိုင်မည်ဖြစ်သည်။                                                                    


AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ