နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် ဆူပူအုံကြွမှုဖြစ်ပွား၍ လူသုံးဦး သေဆုံး

နယူးဒေလီ၊ ဩဂုတ် ၁၂


အိန္ဒိယနိုင်ငံ ဘန်ဂလိုရီမြို့တွင် ဘုရားကိုစော်ကားရာရောက်သည်ဆိုသော ဖေ့ဘွတ်ခ်ပို့စ်တစ်ခုနှင့် ပတ်သက်၍ ဆန္ဒပြနေသည့် လူအုပ်ကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ လူသုံးဦး သေဆုံးခဲ့သည်။ ဆွေမျိုးတစ်ဦးက တမန်တော်မိုဟာမက်ကို စော်ကားသည့် ပို့စ်တစ်ခု တင်ခဲ့သည်ဟုဆိုကာ ဒေသခံနိုင်ငံရေးသမားတစ်ယောက်၏ နေအိမ်အပြင်ဘက်တွင် ဆန္ဒပြသူများ စုဝေးခဲ့ကြသည်။ ဆန္ဒပြသူများက ကားများကို မီးရှို့ခဲ့ပြီး အခင်းဖြစ်ပွားရာ သို့ ရောက်ရှိလာသည့် ရဲတပ်ဖွဲ့ဝင်များကို ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့သည်။ 


ရဲတပ်ဖွဲ့က ပို့စ်တင်သူကို ဖမ်းဆီးခဲ့ပြီး လူအုပ်ထဲရှိ အခြားသူ ၁၁၀ ကိုလည်း ဖမ်းဆီးခဲ့သည်။ ပြီးခဲ့သည့် အင်္ဂါနေ့ညက ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှုတွင် ထိပ်တန်းရဲအရာရှိများအပါအဝင် အနည်းဆုံး အိန္ဒိယရဲတပ်ဖွဲ့ဝင် ၆၀ ဒဏ်ရာရခဲ့ကြောင်း ဘန်ဂလိုရီမြို့ ရဲမင်းကြီး ကာမယ်ပန့်က ပြောသည်။ အဆိုပါဖြစ်ရပ်ကြောင့် ဘန်ဂလိုရီမြို့၏ ခရိုင်နှစ်ခုတွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့၊ တုတ်များကို အသုံးပြု၍ လူစုခွဲရန် ကြိုးပမ်းခဲ့သော်လည်း မလုံလောက်ခြင်းကြောင့် ကျည်အစစ်များဖြင့် လူစုခွဲခဲ့ခြင်းဖြစ်ကြောင်း ဘန်ဂလိုရီမြို့ရဲတပ်ဖွဲ့က တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။


KNT






အခြားဆက်စပ်သတင်းများ