နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတရွေးကောက်ပွဲဝင်မည့် ဂျိုးဘိုင်ဒင်၏ တွဲဖက်ကိုယ်စားလှယ်အဖြစ် ကာမာလာဟာရစ် ရွေးချယ်ခံရ

ဝါရှင်တန်၊ ဩဂုတ် ၁၂


အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က အထက်လွှတ်တော်အမတ် ကာမာလာဟာရစ်ကို ယင်း၏တွဲဖက်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ သည်။ ကာမာလာဟာရစ်မှာ ယခုကဲ့သို့ ရွေးချယ်ခံရသည့် ပထမဆုံး လူမည်းအမျိုးသမီး၊ အာရှနွယ်ဖွား အမေရိကန်နိုင်ငံသူ ဖြစ်လာခဲ့သည်။ 


အိန္ဒိယ-ဂျမေကာသွေးနှောသည့် ကယ်လီဖိုးနီးယားလွှတ်တော်အမတ် ကာမာလာဟာရစ်မှာ အချိန်အတော်ကြာကတည်းက ဒုတိယသမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဟု ထင်ကြေးပေး ခံထားရသူဖြစ်သည်။ ရဲတပ်ဖွဲ့က မလိုအပ်ဘဲ အင်အားသုံးခဲ့သည်ဆိုသော စွပ်စွဲချက်များကြောင့် အမေရိကန်နိုင်ငံ တစ်ဝန်းတွင် လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိရာ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးလုပ် ရန် လိုအပ်သည်ဟု ကာမာလာဟာရစ်က ပြောသည်။ ဂျိုးဘိုင်ဒင်မှာ လာမည့်နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကာမာလာဟာရစ်မှာ အောက်တိုဘာလ ၇ ရက်တွင် ယူတားပြည်နယ် ဆော့လိတ်မြို့တွင် ဒေါ်နယ်ထရမ့်၏ တွဲဖက်ကိုယ်စားလှယ် မိုက်ပန့်စ်နှင့် စကားရည်လုရမည်ဖြစ်သည်။ 


၁၉၈၄ ခုနှစ်တွင် ဒီမိုကရက်တစ်ပါတီက ဂျရယ်ဒင်ဖာရာရို၊ ၂၀၀၈ ခုနှစ်တွင် ရီပတ်ဗလစ်ကန်ပါတီက ဆာရာပေါ်လင် စသည့် အမျိုးသမီးနှစ်ဦးကို ဒုတိယသမ္မတနေရာအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ဖူးသော်လည်း ယင်းတို့နှစ်ဦးလုံး အနိုင်ရခဲ့ဖူးခြင်းမရှိပေ။                                                        


KNT






အခြားဆက်စပ်သတင်းများ