နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟော်လန်နိုင်ငံ၏ အကြီးဆုံး ကိုကင်းထုတ်လုပ်ရေးဓာတ်ခွဲခန်း တွေ့ရှိ

အမ်စတာဒမ်၊ ဩဂုတ် ၁၂


မြင်းစီးသင်တန်းကျောင်းအဟောင်းတွင် တွေ့ရှိခဲ့သည့် ကိုကင်းထုတ်လုပ်ရေး ဓာတ်ခွဲခန်းမှာ ဟော်လန်နိုင်ငံ ၏ အကြီးဆုံး ကိုကင်းဓာတ်ခွဲခန်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ဟော်လန်ရဲတပ်ဖွဲ့မှာ ပြီးခဲ့သည့် သောကြာနေ့က ဟော်လန်နိုင်ငံမြောက်ပိုင်းရှိ မြင်းစီးသင်တန်းကျောင်းဟောင်းကို ဝင်ရောက်စီးနင်းပြီး အနည်းဆုံး သံသယရှိသူ ၁၇ ဦးကို ဖမ်းဆီးခဲ့သည်။ အဆိုပါဓာတ်ခွဲခန်းမှာ တစ်နေ့ကို ကိုကင်းအလေးချိန် ပေါင် ၃၃၀ မှ ၄၄၀ အထိ ထုတ်လုပ်နိုင်သည်ဟု ရဲမှူးချုပ် ဗန်ရစ်က ပြောသည်။ အဆိုပါပမာဏမှာ ဈေးကွက်တန်ကြေး အမေရိကန်ဒေါ်လာ ၅.၃ သန်းရှိသည်။ သံသယရှိသူအများစုက ကိုလံဘီယာနိုင်ငံကူးလက်မှတ် ကိုင်ဆောင် ထားသူဖြစ်သည်။


ထို့အပြင် ဟော်လန်နိုင်ငံအလယ်ပိုင်း အပယ်ဒွန်းမြို့တွင်လည်း အလေးချိန် တန် ၁၂၀ ရှိသည့် ကိုကင်း သယ်ဆောင်ရေးပစ္စည်းများ တွေ့ရှိခဲ့သည်။ အထူးသဖြင့် ကိုကင်းစိမ်နိုင်သည့် အဝတ်အစားများဖြစ်သည်။ သယ်ဆောင်လိုသည့်နေရာ ရောက်သွားပါက အဝတ်အစားများတွင် စိမ့်ဝင်နေသည့် ကိုကင်းများကို ဓာတုနည်းပညာနှင့် ထုတ်ယူသည့်ပုံစံမျိုးဖြစ်သည်။


KNT






အခြားဆက်စပ်သတင်းများ