နိုင်ရိုဘီ၊ ဩဂုတ် ၁၂
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကင်ညာနိုင်ငံ အမ်ဘိုဆီလီအမျိုးသားဥယျာဉ်တွင် ဆင်သားပေါက် အကောင်ရေ ၁၄၀ မွေးဖွားခဲ့သည်။ ကန့်သတ်ပိတ်ပင်မှုများကြောင့် ခရီးသည် မလာရောက်ခြင်း၊ မိုးရွာသွန်းခြင်း စသည့်အခြေအနေများကြောင့် ဆင်သားပေါက် မွေးဖွားမှုနှုန်း မြင့်တက်လာခြင်းဖြစ်သည်ဟု ဆင်ကာကွယ်စောင့်ရှောက်ရေးရှေ့ဆောင်ဖောင်ဒေးရှင်းမှ ဒေါက်တာဝင်နီကီရူက ပြောသည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း မွေးဖွားခဲ့သည့်ဆင်များတွင် နှစ်မြွှာပူး မွေးဖွားမှု နှစ်ကြိမ် ပါဝင်သည်ဟု ဆိုသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးစီးပွားရေး ထိခိုက်ပြီး ခရီးသွားလုပ်ငန်း ကို မှီခိုအားထားနေရသူများလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သည်။ ခရီးသွားလုပ်ငန်း ထိခိုက်သော်လည်း သားရဲ တိရစ္ဆာန်များအပေါ် မှီခိုအားထားနေရသည့် ဝင်ငွေရရှိရန် လိုအပ်သည်ဟု ဒေါက်တာဝင်နီကီရူက ဆိုသည်။
KNT