နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက်၌ လုယက်မှုဖြစ်ပွား

ရန်ကုန်   ဩဂုတ်   ၁၁


ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက် ရတနာမြိုင်လမ်း ရွှေကွန်းကွန်ဒို အမှတ်(၁၈/B2)၌ သြဂုတ်လ ၁၀ ရက် ည ၈ အချိန်ခန့်က ဦးကျော်မိုး (ကနေဒါနိုင်ငံသားခံယူထားသူ) အသက်(၄၈)နှစ်၊ pp-no Ac 786745 ကိုင်ဆောင်သူနေအိမ်၌ တစ်ဦးတည်းရှိနေစဉ်  ယင်းနှင့် ခင်မင်ရင်းနှီးသူ မနီနီဝင်း မပတ(စိစစ်ဆဲ)မှ ရောက်ရှိလာပြီးနောက် ၁၅ မိနစ်အချိန်တွင် ထပ်မံ၍ အသက်(၂၅)နှစ်ခန့် အမျိုးသား (၃)ဦး မပတ(စိစစ်ဆဲ) ရောက်ရှိခဲ့ပြီး ဦးကျော်မိုးအားဖမ်းချုပ်၍ ပါးစပ်အားတိပ်ဖြင့် ချည်နှောင်ခြင်း၊  လက်ထိပ်ခတ်ခြင်း၊ ပေါင်အားဓားဖြင့်မွှန်းခြင်းတို့ပြုလုပ်ခဲ့ပြီး ဦးကျော်မိုးပိုင်ဆိုင်သည့် IPhone တစ်လုံး၊          I Pad တစ်လုံးတို့အားယူဆောင်၍ပြန်လည်ထွက်ခွာသွားကြောင်း သိရပါသည်။

အဆိုပါအခင်းဖြစ်ပွားရာနေရာသို့ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမြင့်အောင်၊ ရပ်ကွက်အုပ်ချုပ် ရေးမှူး ဒေါ်သန်းမြင့်၊ ဦးစီးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများရောက်ရှိလာပြီး ဆက်လက်စုံစမ်းစစ်ဆေး         ဖော်ထုတ်အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။                     


စိမ်းလဲ့(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ