နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘေရွတ်မြို့ပေါက်ကွဲမှုကြောင့် လက်ဘနွန်အစိုးရဝန်ကြီးတစ်ဖွဲ့လုံး ရာထူးမှနုတ်ထွက်

ဘေရွတ်    ဩဂုတ်    ၁၁


လူ ၂၀၀ ကျော်သေဆုံးခဲ့သည့် ဘေရွတ်မြို့ ပေါက်ကွဲမှုနှင့်ပတ်သက်၍ နာကျည်းခံပြင်းမှုများ မြင့်တက်လာ ခဲ့ပြီးနောက် လက်ဘနွန်အစိုးရအဖွဲ့တစ်ဖွဲ့လုံး နုတ်ထွက်သွားခဲ့သည်။ ပြီးခဲ့သည့်တနင်္လာနေ့ ညနေပိုင်းက ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားမှုတွင် လက်ဘနွန်ဝန်ကြီးချုပ် ဟန်ဆန်ဒိုင်ယက်က အစိုးရအဖွဲ့တစ်ဖွဲ့လုံး နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။


အဆိုပါဖြစ်ရပ်မှာ တာဝန်ပေါ့ဆပြီး အကျင့်ပျက်ခြစားသည့် လက်ဘနွန်နိုင်ငံခေါင်းဆောင်များတွင် တာဝန်ရှိသည်ဟု လူအများအပြားက စွပ်စွဲခဲ့ကြသည်။ လက်ဘနွန်နိုင်ငံတွင် ဆန္ဒပြသူများက သုံးရက်ဆက်တိုက် လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ ဘေရွတ်မြို့ဆိပ်ကမ်းရှိ ဂိုဒေါင်တစ်လုံးတွင် ၆ နှစ်ကျော် သိုလှောင်ထားသည့် အမိုးနီးယန်းနိုက်ထရိတ် တန်ချိန် ၂၇၅၀ ကြောင့် ဧရာမပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ရာ ဘေရွတ်မြို့ရှိ ခရိုင်အားလုံးတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ဝန်ကြီးချုပ် ဟန်ဆန်ဒိုင်ယက်၏ ဝန်ကြီးအဖွဲ့အနေဖြင့် အစိုးရဝန်ကြီးအဖွဲ့သစ် မဖွဲ့စည်းနိုင်မချင်း ယာယီတာဝန် ထမ်းဆောင်ပေးကြရန် သမ္မတ အေအွန်က တောင်းဆိုထားသည်။ လက်ရှိအချိန်တွင် လွှတ်တော်က ဝန်ကြီးချုပ်သစ် တင်မြှောက်နိုင်ရန် ဆုံးဖြတ်ရမည်ဖြစ်သည်။                                                                    


KNT






အခြားဆက်စပ်သတင်းများ