နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံသား ၁၁ ဦးကို အရေးယူပိတ်ဆို့မည်ဟု တရုတ်နိုင်ငံ ဆို

ဘေဂျင်း   ဩဂုတ်    ၁၁


‌အထက်လွှတ်တော်အမတ်များနှင့် အခြားထိပ်တန်းအရာရှိများ အပါအဝင် အမေရိကန်နိုင်ငံသား ၁၁ ဦးကို အရေးယူပိတ်ဆို့မှုများ ချမှတ်သွားမည်ဟု တရုတ်နိုင်ငံက ပြောသည်။ ဟောင်ကောင်မြို့တွင် နိုင်ငံရေး လွတ်လပ်ခွင့်များ ပိတ်ပင်ခဲ့ခြင်းကြောင့် ဟောင်ကောင်မြို့ခေါင်းဆောင် ကာရီလမ်နှင့် တရုတ်အရာရှိများကို အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့ခဲ့သည့် ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ 


တရုတ်နိုင်ငံ၏ ပစ်မှတ်စာရင်းတွင် ရီပတ်ဗလစ်ကန်အထက်လွှတ်တော်အမတ်များဖြစ်သည့် တက်ခရုဇ်၊ မာကိုရူဘီယိုနှင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) အမှုဆောင်ဒါရိုက်တာ ကင်နက်ရို့သ်တို့ ပါဝင်နေသည်။ သို့သော် တရုတ်နိုင်ငံက သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့ဝင် တစ်ဦး တစ်ယောက်ကိုမျှ ပစ်မှတ်ထားခဲ့ခြင်းမရှိပေ။ တရုတ်နိုင်ငံက အရေးယူပိတ်ဆို့မည့်သူများစာရင်းတွင် အထက် လွှတ်တော်အမတ် တွမ်ကော့တန်၊ ဂျို့စ်ဟောလေး၊ ပတ်တွန်မေ၊ အောက်လွှတ်တော်အမတ် ခရစ္စစမစ် (ယင်းတို့အားလုံးမှာ ရီပတ်ဗလစ်ကန်ပါတီဝင်များ ဖြစ်သည်) နှင့် အကျိုးအမြတ် အဓိကမထားသည့် အဖွဲ့အစည်း များ၊ အခွင့်အရေးအဖွဲ့များမှ အဖွဲ့ဝင်များ ပါဝင်နေသည်။ ဝီဂါမွတ်စလင်များကို ညှဉ်းပန်းနှိပ်စက်မှု၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တရုတ်အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှု၊ ဟောင်ကောင်မြို့အရေးတို့နှင့်ပတ်သက်၍ ပြီးခဲ့သည့်လများ ကတည်းက အမေရိကန်နှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးဆိုးရွားခဲ့သည်။                                              


KNT






အခြားဆက်စပ်သတင်းများ