နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ရန်ကုန်မြို့၊ လသာမြို့နယ်၊ ရန်ကုန်ဆေးရုံကြီး တိုးချဲ့ဝင်းသို့ ရောက်ရှိ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် မတ် ၂၈ ရက်၊ ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊ လသာမြို့နယ်၊ ရန်ကုန်ဆေးရုံကြီး တိုးချဲ့ဝင်းသို့ ရောက်ရှိခဲ့သည်။ ဝန်ကြီးချုပ်နှင့်အတူ လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ လိုက်ပါခဲ့သည်။ ဝန်ကြီးချုပ်သည် အဆိုပါဝင်းအတွင်း ဝန်ထမ်းများအတွက် ဆောက်လုပ်လျက်ရှိသော ၄ ခန်းတွဲ ၁၀ ထပ်ရှိ အခန်းနေရာများကို ကိုရိုနာဗိုင်းရပ်စ် COVID - 19 စောင့်ကြပ်ကြည့်ရှုနေသည့် ဆရာဝန်များ၊ ဆရာမ များနှင့် ဝန်ထမ်းများအားထားရှိရန် ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဝန်ကြီးချုပ်သည် လသာမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ပြည်ပမှ ပြန်လည်ရောက်ရှိလာမည့်သူများအတွက် ပြင်ပလူနာဌာန (ယာယီ) အဖြစ် ဖွင့်လှစ်ထားရှိရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် လှိုင်မြို့နယ်ရှိ Hlaing Quarantine Center သို့သွားရောက်ပြီး ပြည်ပမှ ပြန်လည်ရောက်ရှိလာသည့် သူများအား (၁၄)ရက်ကြာ အသွားအလာကန့်သတ်၍ သီးခြားခွဲထားပြီး စောင့်ကြပ်ကြည့်ရှုနေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ Hlaing Quarantine Center ၌ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (Ouarantine) ခံရသူ (၁၆၅) ဦးရှိပြီး ဆက်လက်ရောက်ရှိလာမည့် သူများရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့






အခြားဆက်စပ်သတင်းများ