နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဩဂုတ် ၁၁


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီးခြင်းဆောင်ရွက်ခဲ့ရာ ဩဂုတ် ၁၀ ရက်၊ နံနက် ၄ နာရီခွဲအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ သည် (၁၉)ရပ်ကွက်၊ လှော်ကားလမ်းနှင့် စိန်ခြယ်လမ်းထောင့်၌ ဟိန်းမောင်မောင်အေးထံမှ အရိုးအသွား (၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၆ နာရီ ၅ မိနစ်အချိန်တွင် ကုလားကြီးစုကျေးရွာ၊ မြေနီလမ်းမပေါ်၌ သူရိန်စိုးထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ ညနေ ၆ နာရီအချိန်တွင် ကျုံစုကျေးရွာ ကျောင်းလမ်းမပေါ်၌ ရဲလင်းဦးထံမှ အရိုးအသွား(၁၅)လက်မခန့်ရှိ ထိပ်ဦးချွန် ဓားတစ်ချောင်းနှင့် ည ၁၀ နာရီအချိန်တွင် (၁၆)ရပ်ကွက်၊ အင်းလေးလမ်းမပေါ်၌ အောင်ကိုဦးထံမှ အရိုးအသွား (၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီ ၂၀ မိနစ်အချိန်တွင် ပုဂံလမ်းမပေါ်၌ မင်းမင်းစိုးထံမှ အရိုးအသွား(၁၄)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီအချိန်တွင် ကြူစမ်းရွာသစ်ရပ်ကွက်၊ ဂရုဏာ(၅)လမ်းမပေါ်၌ အောင်စိုးဦးထံမှ အရိုးအသွား(၃၀)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်း ရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ