နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗန်းမောက်မြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

ဗန်းမောက် ဩဂုတ် ၁၁


 ဩဂုတ် ၉ ရက်၊ ညနေ ၅ နာရီအချိန် ဗန်းမောက်မြို့နယ်၊ ပင်ပုံရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ဗန်းမောက်မြို့နယ်၊ ပါပျဉ်းခမ်းကျေးရွာချောင်းတံတားအနီးတွင် အောင်စိုး မောင်းနှင်လာသော မော်တော် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်းမှ ဘိန်းစိမ်း ၇ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ပါသည်။

ကွင်းဆက်အရ ညနေ ၆ နာရီခွဲအချိန် ဗန်းမောက်မြို့နယ်၊ ကနန်းနန်းဇားကျေးရွာနေ မခင်မာရီကို ၎င်း၏နေအိမ်၌ ဘိန်းစိမ်း ၁၂ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် အောင်စိုး(၃၆)နှစ်နှင့် မခင်မာရီ(၂၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ