နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တနိုင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တနိုင်း ဩဂုတ် ၁၁


  ဩဂုတ်လ ၉ ရက်၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် တနိုင်းမြို့နယ်၊ နန်ဖြတ်ကျေးရွာနှင့် ကောင်ရာကျေးရွာကြား၊ မြစ်ကြီးနား-တနိုင်း သွား ကားလမ်းတွင် ချစ်ကိုကို(ခ)စုတ်ဖွား(ခ)သားကြီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ပေါ်၌တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ ဘိန်းဖြူ သုည ဒသမ ၆၅၇ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၇,၄၀၀ ပြား တို့ကိုသိမ်းဆည်းရမိခဲ့ပါသည်။

 ကွင်းဆက်အရ ညနေ ၆ နာရီအချိန် ဖားကန့်မြို့နယ်၊ ရှဒူဇွပ်ကျေးရွာနေ မဘန်မွန်း(ခ)မာဘွတ်အား ၎င်း၏နေအိမ်တွင် ဘိန်းဖြူ သုည ဒသမ ၁၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိသဖြင့် ချစ်ကိုကို(ခ)စုတ်ဖွား(ခ)သားကြီး(၃၂)နှစ်၊ မဘန်မွန်း(ခ)မာဘွတ်(၂၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

ဆွေဦး






အခြားဆက်စပ်သတင်းများ