စစ်ကိုင်း ဧပြီ ၁၇ ၁၃၈၂ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာအခါသမယဧပြီ ၁၇ ရက် နံနက် ၈ နာရီတွင် အလှူတော်မင်္ဂလာအစီစဉ်သို့ ၁၆,၂၅၀ ဦးရှိကြသော အလှူခံများ၏ကိုယ်စားလှယ်များအဖြစ် စစ်ကိုင်း၊ မင်းဝံ တောင်ရိုးအတွက် မြစက်ကြာမှ သံဃာအပါး ၅၀၊ သကျဓီတာမှ သီလရှင်အပါး ၅၀ နှင့် မင်းကွန်းတောင်ရိုး အတွက် ရွှေစင်တိပိဋကဆရာတော်တစ်ပါး အလှူခံကြွရောက်ပေးတော်မူကြပြီး သီတဂူဆရာတော်၊ စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အစိုးရအဖွဲ့ဝင်များက ဆန်တစ်တင်း၊ ဆီ တစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာ၊ ပဲ တစ်ပိဿာ၊ ပြုတ်စားပဲ ၂ ပိဿာ၊ ဆား ၅၀ သားတို့ကို ကာယကံမြောက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြစဉ်။ (NWA)