နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သူငယ်ချင်းတော့ သူငယ်ချင်း၊ ဒါပေမယ့် နည်းပြဆိုတော့ မစ္စတာ ခေါ်ပေါ့

ဩဂုတ်  ၁၀


ချယ်လ်ဆီးကနေ ဂျူဗင်တပ်ကိုပြောင်းရွှေ့နည်းပြခဲ့တဲ့ ဆာရီတစ်ယောက် ခုတော့ ဂျူဗင်နဲ့လမ်းခွဲခဲ့ရ ပြန်ပါတယ်။ စီးရီးအေဖလားရပြီး တစ်ပတ်တွင်းဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းက ဘောလုံး လောကကို အံ့အားသင့်စေခဲ့တဲ့အပြောင်းအရွှေ့ဇာတ်လမ်းလေးပါ။


နည်းပြဆာရီကို ဖြုတ်ပြီးချက်ချင်းဆိုသလို ယူ-၂၃ နည်းပြအသင်းရဲ့ ဂန္ထဝင်ကစားသမား ပီယာလိုကို နည်းပြချုပ်ရာထူး တန်းခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်။ ပီယာလိုကို ၂၀၂၂ ခုနှစ်၊ ဇွန်လထိနှစ်နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်တာပါ။ ပီယာလိုဟာ တစ်ချိန်က ဘူဖွန်နဲ့ သူငယ်ချင်းတွေပါ။ ဘူဖွန်အသက် ၄၂ နှစ်ရှိနေပါပြီ၊ ပီယာလိုထက် တစ်နှစ်ပိုအသက်ကြီးပါတယ်။ တစ်ချိန်က သူငယ်ချင်းလိုပေါင်းသင်းခဲ့တဲ့သူတွေပါ။ 


ခုတော့ ဘူဖွန်ကို အနေရခက်စေမှာပါ။  ဒါပေမယ့် ပရော်ဖက်ရှင်နယ်မှာ အဲဒါတွေမရှိပါဘူး။ ဘူဖွန်က သူ့ရဲ့အင်စတာ ဂရမ်မှာ “ခုတော့ ငါမင်းကိုမစ္စတာတပ်ခေါ်ရတော့မှာလား၊ အခုလိုစိန်ခေါ်မှုအသစ်အတွက် ကံကောင်းပါစေ ပီယာလိုရေ” လို့ ရေးသားခဲ့ပါတယ်။  ခုတော့ ဘူဖွန်နဲ့ပီယာလိုတို့က သူငယ်ချင်းပေါင်းသလိုပေါင်း၍ မရတော့ပါ။ မစ္စတာဆက်ဆံရေးအဖြစ်ပြောင်းလဲသွားခဲ့ရပါပြီ။ ပီယာလိုကလည်း ဘူဖွန်လို၊ ဂျူဗင်တပ်လို အကုန်လုံးက လေးစားရလောက်တဲ့အရည်အချင်းကို ကစားသမားဘဝမှာလုပ်ပြထားခဲ့တဲ့အတွက် မစ္စတာ ပီယာလိုဖြစ်လာရတာမဆန်းပါဘူး။ ပီယာလိုဟာ ဂျူဗင်နဲ့ ၁၆၄ ပွဲကစားပြီး စီးရီးအေဖလားလေးလုံး ရခဲ့သူပါ။ အေစီမီလန်နဲ့လည်း ချန်ပီယံလိဂ်တစ်နှစ်လုံး၊ လိဂ်ဖလားနှစ်လုံးရထားပါသေးတယ်။ အီတလီနဲ့ ကမ္ဘာ့ဖလားပါယူပေးထားခဲ့သူပါ။ 
ပီယာလိုက “အတွေ့အကြုံရဖို့ဆိုရင် ခင်ဗျားအနေနဲ့ ဒါကိုလက်ခံဖို့လိုတယ်။ ကျွန်တော်လျှောက်ဖို့ ရွေးလိုက်တဲ့လမ်းဟာ ကျွန်တော့်အတွက် မှန်ကန်တဲ့လမ်းပါ”လို့ ပြောဆိုခဲ့ပါတယ်။


ဆာရီဟာ စီးရီးအေဖလား ကိုးကြိမ်မြောက်မှာအရယူပေးပေမယ့် ကိုပါအီတလီဖလားလုပွဲမှာ နာပိုလီကိုရှုံးနိမ့်ခဲ့သလို၊ လိုင်ယွန်ကို အဝေးဂိုးနဲ့ထွက်ခဲ့ရပါတယ်။ လူအင်အားကောင်းစွာဖြည့်ပေးပေမယ့် နည်းစနစ်ပိုင်းဝေဖန်မှုတွေခံခဲ့ရပြီး၊ ချန်ပီယံလိဂ်ကနေထွက်ရတဲ့အချိန်မှာထုတ်ပယ်ခံခဲ့ရပြီး ပီယာလိုကို အစားထိုးခန့်အပ်ခဲ့ပါတယ်။            


(SO)






အခြားဆက်စပ်သတင်းများ