ဟောင်ကောင်၊ ဩဂုတ် ၁၀
ပြည်ပတပ်ဖွဲ့များနှင့် ပူးပေါင်းလှုပ်ရှားနေသည်ဆိုသော စွပ်စွဲချက်များကြောင့် ဟောင်ကောင်စီးပွားရေး လုပ်ငန်းရှင် ဂျင်မီလိုင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ယင်း၏သတင်းစာတိုက်ကိုလည်း ဝင်ရောက်စီးနင်းခဲ့ကြသည်။ ဂျင်မီလိုင်မှာ ပြီးခဲ့သည့်ဇွန်လတွင် တရုတ်အစိုးရက ချမှတ်ခဲ့သည့် အငြင်းပွားဖွယ် လုံခြုံရေးဥပဒေကြောင့် ဖမ်းဆီးခံရသူများတွင် အထင်ရှားဆုံးသူဖြစ်သည်။
ဒီမိုကရေစီကို ထောက်ခံလိုလားသူတစ်ဦးဖြစ်သည့် ဂျင်မီလိုင်မှာ ပြီးခဲ့သည့်နှစ်က ပေါ်ပေါက်ခဲ့သည့် ဆန္ဒပြပွဲများကို ထောက်ခံသူဖြစ်သည်။ အသက် ၇၁ နှစ်ရှိသည့် ဂျင်မီလိုင်မှာ ဗြိတိန်နိုင်ငံသားခံယူထားသူဖြစ်ပြီး ပြီးခဲ့သည့်ဖေဖော်ဝါရီလကလည်း တရားမဝင် စုဝေးမှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှုတို့ဖြင့် စွဲချက်တင်ခံခဲ့ရသည်။ သို့သော် ယင်းကို ရဲတပ်ဖွဲ့က အာမခံဖြင့် ပြန်လွှတ်ပေးထားခြင်းဖြစ်သည်။
KNT