နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကျဉ်းခန်းတစ်ခုတည်းရှိ အကျဉ်းသား ၄၄ ဦး ညတွင်းချင်း သေဆုံးခဲ့သည့်ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုကို ကောက်ချက်ချ

အန်ဒါမီနာ၊ ဩဂုတ် ၁၀


ချက်ဒ်နိုင်ငံတွင် အပူချိန် ၄၆ ဒီဂရီဆဲလ်စီးယက်ရှိသည့် ရာသီဥတု၌ အကျဉ်းခန်းတစ်ခုတည်းရှိ အကျဉ်းသား ၄၄ ဦး ညတွင်းချင်း သေဆုံးခဲ့သည့်ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုကို အပြီးသတ်ကောက်ချက်ချခဲ့သည်။ အဆိုပါအကျဉ်းသားများမှာ ဘိုကိုဟာရမ်လက်နက်ကိုင်များဟု သံသယရှိရပြီး ကိုယ့်ကိုယ်ကိုယ် အဆိပ်သောက် သတ်သေခဲ့ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေများက သုံးသပ်ခဲ့သည်။ သို့သော် အကျဉ်းသားများမှာ အရပ်သားများ ဖြစ်သည်ဟု အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြောသည်။


ဧပြီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ချက်ဒ်နိုင်ငံမြို့တော် အန်ဒါမီနာမြို့အစွန်ရှိ အကျဉ်းခန်းအတွင်း အကျဉ်းသား ၄၄ ဦး သေဆုံးနေကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အကျဉ်းသား ၄၀ ဦးကို မြှုပ်နှံသဂြိုဟ်ခဲ့ပြီး အကျဉ်းသားလေးဦး၏ ရုပ်အလောင်းများကို ရောဂါဗေဒပညာရှင်ထံ ပေးပို့စစ်ဆေးခဲ့ရာ အဆိပ်အကြွင်း အကျန်အစအနများ တွေ့ရှိခဲ့သည်ဟု အစိုးရရှေ့နေများက ပြောသည်။ သို့သော် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတွင် အကျဉ်းခန်းမှာ အန္တရာယ်ဖြစ်စေလောက်အောင် လူထူထပ်ခြင်း၊ အပူချိန်မြင့်မားလွန်းခြင်း၊ ရေဆာခြင်း၊ ဆာလောင်ခြင်း စသည့်အချက်များကြောင့်ဖြစ်သည်ဟု ဖော်ပြထားသည်။ အကျဉ်းသားများ သေဆုံးမှုအတွက် မည်သူ့တွင် တာဝန်ရှိကြောင်း ဆုံးဖြတ်ရန်အတွက် စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ချက်ဒ်နိုင်ငံ တရားရေး ဝန်ကြီး အေရာဘီက ပြောသည်။ 

အကျဉ်းသားအချို့ လဲကျသွားခြင်းကြောင့် အခြားသူများက အစောင့်အကြပ်များကို အော်ဟစ်အကူအညီ တောင်းခံခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရသည်ဟု အကျဉ်းခန်းအတွင်း အသက်ရှင်လွတ်မြောက်ခဲ့သူများက ပြောသည်။                                                                                                                                      


KNT






အခြားဆက်စပ်သတင်းများ