နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အများအကျိုးဆောင်ရွက်ရာ

ရန်ကုန်၊ ဩဂုတ် ၁၀


ပရဟိတစိတ်ဓာတ်သည် စိတ်ကောင်း၊ စိတ်မြတ်ဖြစ်သည်။ အများအကျိုးသယ်ပိုးဆောင်ရွက်ခြင်းသည် မွန်မြတ်သောအလုပ်ဖြစ်သည်။ ဤလောက၌ မိမိအကျိုးဆောင်ရွက်ခြင်းနှင့် အများအကျိုးဆောင်ရွက်ခြင်းဟူ၍ အကျိုးနှစ်ပါးဖြစ်ပေါ်စေသည့် ဆောင်ရွက်ခြင်းဟူ၍ အကျိုးနှစ်မျိုးရှိသည်။ ဤနှစ်မျိုးအနက် အများအကျိုး သယ်ပိုးဆောင်ရွက်ခြင်းသည် ပရဟိတအလုပ်ဖြစ်သည်။

လူသည် တစ်ခါတစ်ရံ မထင်မှတ်ဘဲ ဘေးဒုက္ခများနှင့် ကြုံတွေ့တတ်သည်။ ထိုအခါ အများ၏အကူအညီ တစ်စုံတစ်ခုလိုအပ်မည်ဖြစ်သည်။ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ အသင်းတစ်ဖွဲ့ဖြစ်စေ၊ ဒေသတစ်ခုဖြစ်စေ ဘေးဒုက္ခကြုံတိုင်း ဝိုင်းဝန်းကူညီပေးကြရသည်။ အများအကျိုးသယ်ပိုးလိုသည့် စိတ်ကောင်းစိတ်မြတ် ပရဟိတ စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီပေးကြရသည်။

ထို့ကြောင့် ပရဟိတစိတ်ဓာတ်သည် လူတိုင်း မွေးမြူထားရှိအပ်သောစိတ်ဓာတ်ဖြစ်သည်။ ပရဟိတလုပ်ငန်း များကို လူတစ်ဦးမှ အစပြု၍ အသင်းအဖွဲ့များဖြင့်ပါ ပြုလုပ်လာကြသည်မှာ ကမ္ဘာအနှံ့ပင်ဖြစ်လာသည်။ ပရဟိတလုပ်ငန်းဖြင့် လူမှုဘဝဒုက္ခတို့ကို ဖြေပျောက်စေနိုင်၏။ လူ့ဘဝတွင် ဖြစ်ပြန်ပျက်ပြန် လောကဓံဆိုသည့် အတိုင်း နှိမ့်တစ်ခါ၊ မြင့်တစ်လှည့် ရှိတတ်သည်။ လူ့ဘဝသည် အမြဲတမ်းနိမ့်ကျမနေနိုင်သလို အမြဲတမ်းလည်း အထက်တန်းကျကျ မျက်နှာပန်းမလှနိုင်ပါ။ အဆင်းရှိသလို အတက်လည်းရှိနိုင်ပါသည်။ အရေးကြီးတဲ့ကိစ္စကို ကိုယ့်အကြောင်းကိုယ်သိဖို့ လိုအပ်သည်။ လူတိုင်းမှာ စိတ်ခံစားမှုဆိုတာ ရှိစမြဲဖြစ်သည်။ ပေါ်လာသောခံစားမှုကို ကိုယ်သိအောင်ကြိုးစားပြီး လိုအပ်သလို ထိန်းသိမ်းရမှာဖြစ်သည်။

သို့ပါ၍ လူတိုင်းလူတိုင်းသည် အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုသည့်စကားအတိုင်း လူမှု အသိုက်အဝန်းအတွင်း သာမှု၊ နာမှု ကိစ္စအဝဝနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင်ပါ တက်ကြွစွာပါဝင်လုပ်ကိုင် ပေးထားသော စိတ်ဓာတ်မွေးမြူကာ အများအကျိုးဆောင်ရွက်သင့်ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ