နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လောက်ကိုင်မြို့တွင် ငွေကျပ်သိန်း ၂,၀၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

လောက်ကိုင်  ဩဂုတ် ၁၀


 ဩဂုတ် ၈ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လောက်ကိုင်မြို့၊ အမှတ်(၃) ရပ်ကွက်၊ စွမ်းဖုန်းလမ်းရှိဟိုတယ်အားရှာဖွေရာ လော်ချိန်ရိန်း၊ လီကျားနိမ်နှင့် လီဖားမင်တို့ ၃ ဦးကို တွေ့ရှိရပြီး ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၈,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် လော်ချိန်ရိန်း (၂၁)နှစ်၊ လီကျားနိမ်(၁၆)နှစ်၊ လီဖားမင်(၂၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ ဩဂုတ် ၈ ရက်၊ ညနေ ၄ နာရီအချိန် ကသာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ဆင်ကုန်းကျေးရွာနေ အောင်မင်းထွန်း၏နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ ဘိုမင်း အားတွေ့ရှိရပြီး ၎င်းတို့နှစ်ဦးထိုင်နေသည့် ကြမ်းပြင်ပေါ်ရှိ အထုပ်တစ်ထုပ်အား ဘိုမင်းမှ ယူဆောင်၍နေအိမ်ပေါ်မှခုန်ချထွက်ပြေးစဉ် ကျကျန်ခဲ့သဖြင့် ရှာဖွေရာ အထုပ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁,၃၁၀ ပြားသိမ်းဆည်းရမိကာ ကွင်းဆက်အရ ကသာမြို့နယ်၊ အင်းဒရန့်-ဘွက်ကျေးရွာ သွားကားလမ်းတွင် မြင့်မိုး ကို မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အောင်မင်းထွန်း(၂၃)နှစ်၊ မြင့်မိုး(၂၈)နှစ်တို့အား  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ