နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဩဂုတ် ၁၀


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီးခြင်းဆောင်ရွက်ခဲ့ရာ ဩဂုတ် ၉ ရက်၊ နံနက် ၄ နာရီခွဲအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် (၇၀)ရပ်ကွက်၊ မင်းခေါင်လမ်းမပေါ်၌ အောင်မြတ်မင်းစိုးထံမှ အရိုးအသွား(၂၇)လက်မခန့်ရှိ ငှက်ကြီးတောင် ဓားတစ်ချောင်းကို လည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည နေ ၆ နာရီ ၂၀ မိနစ်အချိန်တွင် အပြင်ပဒံ၊ ဆိပ်ကမ်း သာလမ်းမပေါ်၌ နိုင်းနိုင်းထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ ည ၇ နာရီ ၅၅ မိနစ်အချိန်တွင် (၁၀)ရပ်ကွက်၊ ရန်ကုန်-ပုသိမ် ကားလမ်းမကြီးပေါ်၌ ကိုရှိုင်းထံမှ အရိုးအသွား (၁၆)လက်မခန့်ရှိ ထိပ်ဦးချွန် ဓားတစ်ချောင်း၊ ည ၉ နာရီခွဲအချိန်တွင် ရွှေလင်ပန်းစက်မှုဇုန်၊ မက်ခရာ မင်းသားကြီးလမ်းမပေါ်၌ ပြေသူမိုးထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် (၂၀)ရပ်ကွက်၊ သိပ္ပံလမ်းမပေါ်၌ နိုင်လင်းကျော်ထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီ ၅ မိနစ်အချိန်တွင် စက်မှုဇုန်(၂)၊ ဆိပ်ကမ်း သာလမ်းမပေါ်၌ ခိုင်ဇော်လင်းထံမှ အရိုးအသွား(၂၇)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကို လည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီခွဲအချိန်တွင် အောင်သူထံမှ အရိုးအသွား(၁၂) လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်မြို့နယ်၊ ပိတောက်ချောင်း နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် (၅)ရပ်ကွက်အတွင်းလမ်းမပေါ်၌ သန်းလွင်ထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရ သည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ