နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လွိုင်လင်မြို့နယ်တွင် ငွေကျပ်သိန်း ၂,၁၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

လွိုင်လင်  ဩဂုတ် ၉


 ဩဂုတ် ၇ ရက်၊ မွန်းလွဲ ၁ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သောပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်းတွင် မောင်ထွန်း မောင်းနှင်ပြီး ထွန်းရွှေ၊ အူသက်ကျန်းနှင့် ကျော်စိုး(ခ)ရိုဆန်ကူးမား(ခ) ဘီနိုကူးမား တို့လိုက်ပါလာသည့် Mark II အမျိုးအစားမော်တော်ယာဉ်အားရပ်တန့်ရှာဖွေရာ ယာဉ်အတွင်းမှ ဘိန်းဖြူ ၇ ဒ ၄၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈,၀၀၀ ပြား၊ မြန်မာငွေ ၂၈၅,၀၀၀  ကျပ်နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မောင်ထွန်း(၄၄)နှစ်၊ ထွန်းရွှေ(၂၈)နှစ်၊ အူသက်ကျန်း(၅၅)နှစ်၊ ကျော်စိုး(ခ) ရိုဆန်ကူးမား(ခ)ဘီနိုကူးမား(၁၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ ဩဂုတ် ၈ ရက်၊ နံနက် ၈ နာရီ ၁၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ခရီးသည်တင် မော်တော်ယာဉ်အား ရှာဖွေရာ ခရီးသည် ထွန်းမြတ်(ခ)ညီမြတ်၏ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၆,၄၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ထွန်းမြတ်(ခ)ညီမြတ် (၂၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ