နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၉၈ လက်မ စမတ်တီဗွီ Redmi Smart TV Max ကို ကြေညာ

Redmi က ၉၈ လက်မ မျက်နှာပြင်အသုံးပြုထားသည့် Redmi Smart TV Max ကို ကြေညာလာသည်။ အဆိုပါစမတ်တီဗွီ၏ LCD မှာ 4K Resolution သုံးထားပြီး 60GHz Refresh Rate နှင့် 85% NTSC Color Space ထောက်ပံ့ထားပြီး HDR လည်း ထောက်ပံ့ထားသည်။ HDMI ပေါက်ပါဝင်သလို S/PDIF လည်း ပါဝင်ခြင်းကြောင့် အသံစနစ်များဖြင့် ချိတ်ဆက်သုံးနိုင်မည်ဖြစ် သည်။ Dolby နှင့် DTS decoding ထောက်ပံ့ထားသည့် စပီကာလေးလုံး ပါဝင်သည်။ 9th Gen Image Engine ပါဝင်ပြီး PatchWall Software သုံးထားသည်။ အဆိုပါစမတ်တီဗွီကို Amlogic T972 Chipset ၊ RAM4GB နှင့်အထိုင်ချထားပြီး Storage 64GB ပါဝင်သည်။ ဧပြီ ၉ ရက်တွင် စတင်ရောင်းချသွားမည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ၂၈၃၅ ဒေါ်လာ သတ်မှတ်ထားသည်။ (သူရိန်)






အခြားဆက်စပ်သတင်းများ