နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Google က တရားဝင် မိတ်ဆက်လိုက်သည့် Pixel 4a

ရန်ကုန် ဩဂုတ် ၉


Google ၏ Mid-range ဖုန်းသစ်ဖြစ်သည့် Pixel 4a ကို ယခုရက်ပိုင်းအတွင်း တရားဝင်ကြေညာ သွားမည်ဖြစ်ကြောင်း Google က ပြောထားသည်။

Pixel 4a သည် ပြီးခဲ့သည့် မေလ Google I/O Conference ပွဲတွင် မိတ်ဆက်သွားမည်ဟု သတင်းများထွက်နေသည့် ဖုန်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် I/O Developer Conference ပွဲ ပျက်သွားပြီးနောက် Pixel 4a သတင်းလည်း လအတန်ကြာ တိမ်မြှပ်နေခဲ့သည်။  

Google Pixel 4a သည် OLED display အသုံးပြုထားသည့် ဖုန်းတစ်လုံး ဖြစ်ပြီး ရှေ့ဘက်တွင် punch-hole ကင်မရာ စနစ် အသုံးပြုသွားမည်ဟု  သတင်းများထွက်ရှိထားသည်။ အဆိုပါဖုန်းသည် မျက်နှာပြင် ၅.၈ လက်မ ၊ Qualcomm Snapdragon 730 chipset သစ် ၊ RAM 6GB/64GB storage တို့ ပါဝင်လာမည်ဖြစ်သည်။ 

Google Store page ပေါ်က teaser အရ အဆိုပါဖုန်းသည် Bokeh စွမ်းရည် ၊ Night Sight low-light ရိုက်ချက် ၊ Megapixel နှင့် တာရှည်ခံသည့် ဘက်ထရီများ အသုံးပြုလာမည်ဟုလည်း ခန့်မှန်းနေကြသည်။

(HWY)






အခြားဆက်စပ်သတင်းများ