ဩဂုတ် ၉
ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်က VAR ကတော့ ဝေဖန်မှုပေါင်းများစွာနဲ့ရာသီကို ပြီးဆုံးခဲ့ကြပါတယ်။ နောက်ရာသီမှာကော ပရီးမီးယားလိဂ်မှာ VAR ဆက်ထား၊မထားကိုတော့ သက်ဆိုင်ရာကလပ်တွေက မဲပေးခဲ့ပါ တယ်။ အသင်းအားလုံးက VAR ကိုဆက်ထားရှိဖို့ကိုပဲထောက်ခံကြပါတယ်။ နောက်တစ်ဆင့်ပိုမြင့်တဲ့ အနေ အထားတစ်ခုကို ဝိုင်းဆုံးဖြတ်ကြတာပါ။ ဒါကတော့ ကမ္ဘာ့ဖလားမှာ ဒိုင်တွေက ကိုယ်တိုင်ကြည့်တာ ဒါမှမဟုတ် VAR အကူလက်ထောက်ဒိုင်ကပြန်ကြည့်ပြီး တိုက်ရိုက်ဆုံးဖြတ်ခဲ့တဲ့ အစီအစဉ်ပါပဲ။
ကွင်းလယ်ဒိုင်နဲ့မဆိုင်တဲ့ VAR အကူလက်ထောက်ဒိုင်ကို လိဂ်တချို့နဲ့ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာစတင် အသုံးပြု ခဲ့ပါတယ်။ ကွင်းအတွင်းမှာ မပြတ်မသားတာတွေရှိခဲ့ရင် VAR ဒိုင်ကနေပြန်ကြည့်ပြီး၊ ကွင်းလယ်ဒိုင်ကို အကျိုးအကြောင်းပြောကာ ဒိုင်တွေကိုယ်တိုင်ကဆုံးဖြတ်တာပါ။ ပြီးခဲ့တဲ့တစ်ရာသီလုံး ပရီးမီးယားလိဂ်မှာ VAR ခန်းထဲကနေလို၊ မလိုကိုဆုံးဖြတ်ကာ ကွင်းလယ်ဒိုင်ကိုညွှန်ကြားတာပါ။ VAR လက်ထောက်ဒိုင်တွေကို ဖီဖာကနေကိုယ်စားလှယ်ပေးမှာဖြစ်တဲ့အတွက် လိဂ်ကလပ်တွေကသဘောတူခဲ့ပြီးဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် (၁) ဒိုင်တွေဟာ ပင်နယ်တီ၊ အနီကတ်၊ ဂိုးမဂိုးစတဲ့ဆုံးဖြတ်ချက်တွေကိုပြန်ဆန်းစစ်တော့ မှာပါ။ (၂) ပင်နယ်တီကန်ချိန်မှာ ဂိုးသမားတစ်ယောက်လိုက်နာရမယ့်စည်းကမ်းအတိုင်းမဟုတ်ရင် VAR ပြန်ကြည့်ပြီး ပြန်ကန်ခိုင်းမှာပါ။ (၃) ကန်သွင်းမည့်သူကလည်း ကန်သွင်းမယ့်စည်းကမ်းတွေအတိုင်းမရှိရင် VAR က ပြန်ပြီး သတိပေးမှာဖြစ်ပါတယ်။ (၄) လူကျွံတာကို အရင် VAR လိုပဲ နည်းနည်းလေးမှအထိမခံဘဲ ပိုတင်းကြပ်မှာပါ။ (၅) VAR နဲ့ မဆိုင်ဘဲစည်းကြပ်တွေဟာ လူကျွံတာကိုအလံချရမှာပါ။ ပရီးမီးယားလိဂ်ကအလံကို တစ်ရာသီလုံး မြှောက်ခဲ့ပါတယ်။ ဒါတွေဟာ ကလပ်တွေရဲ့သဘောတူညီချက်အရပါ။ ဖီဖာကသူတို့ဘက်က ကလပ်ပွဲတွေကို လူလွှတ်ပေး၊ မပေးနဲ့ လက်ထိဘောဆိုင်ရာပြစ်ဒဏ်တွေကို ဆွေးနွေးဖို့ကျန်ပါသေးတယ်။ နောက်ဆုံးကတော့ တိုက်ရိုက်ပြနေရင် VAR ပြန်ကြည့်ချိန်မှာ လူကျွံသွားတဲ့မျဉ်းကို တိုက်ရိုက်ဆွဲပြတာမျိုးမလုပ်တော့ဘူးလို့ သိရပါတယ်။ နောက်ဆုံးဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကိုပဲပြမှာပါ။ ဒီလိုဖြစ်ရတာက ကွင်းဘေးအကူဒိုင်က တိုက်ရိုက်ကြည့်ပြီး ကွင်းလယ်ဒိုင်နဲ့ဆုံးဖြတ်ရတဲ့အတွက်ပါ။ ဒါတွေကြောင့် နောက်နှစ်ရာသီမှာ VAR ဟာ အသွင်းတစ်မျိုးနဲ့ ပြန်လာတော့မှာပါ။ (SO)