နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နောက်တစ်ကြိမ်တန်းတက်လာနိုင်ပြန်တဲ့ ဖူလ်ဟမ်အသင်း

 ဩဂုတ်  ၉


ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးမားဆုံးပွဲလို့ ပြောစမှတ်ဖြစ်ရတဲ့ပွဲကတော့ ချန်ပီယံရှစ်ပလေးအော့ဗိုလ်လုပွဲပဲ ဖြစ်ပါတယ်။ ဒီပလေးအော့ပွဲမှာ ဘရက်ဖို့ဒ်နဲ့ ဖူလ်ဟမ်တို့ကစားခဲ့ကြတာပါ။

         ဗိုလ်လုပွဲမှာ မိနစ် ၉၀ အတွင်းနှစ်သင်းစလုံးဂိုးမသွင်းခဲ့တာကြောင့်  အချိန်ပိုဆက်လက်ကစားကြရပါတယ်။ အချိန်ပိုကာလကျမှ ဖူလ်ဟမ်က နှစ်ဂိုးဆက်တိုက်သွင်းယူခဲ့ပြီး ဘရက်ဖို့ဒ်တို့က ချေပဂိုးတစ်ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ဖူလ်ဟမ်အသင်းဟာ ၂-၁ နဲ့ ပရီးမီးယားကိုတန်းတက်ခဲ့ပါတယ်။  ဖူလ်ဟမ်အသင်းဟာ ပရီးမီးယားကနေတန်းဆင်းခဲ့ရတာ သိပ်မကြာခင် ယခုပဲတစ်ကျော့ပြန်တန်းပြန်တက်ခဲ့နိုင်တာပါ။ ဒီနိုင်ပွဲနဲ့ အတူ ဖူလ်ဟမ်ကတော့များပြားလှတဲ့ ဆုကြေးငွေ ပေါင် ၁၇၀ သန်းထိပိုင်ဆိုင်ခဲ့တာပါ။ လာမယ့်ရာသီမှာ တန်းမဆင်းခဲ့ရရင်လည်း သူတို့ရရှိမယ့်ဆုကြေးငွေက ပေါင် ၃၀၀ သန်းဖြစ်လာကာ ယခုနှစ်အတွင်းအပြည့်အဝ ရရှိခံစားရမှာပါ။ ဒါကြောင့်လည်းအသင်းကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်မှုများစွာလုပ်ဆောင်ရမှာပါ။ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ကို တန်းတက်မယ့်အသင်းတွေကတော့ လိဒ်ယူနိုက်တက်၊ ဝက်ဘရွန်းစ်နဲ့ ဖူလ်ဟမ်အသင်းတို့ပဲ ဖြစ်ပါတယ်။ ဒီအသင်းတွေဟာ ပရီးမီးယားလိဂ်ကို တန်းတက်ခဲ့ဖူးတဲ့အသင်းတွေ၊ ပရိသတ်အခိုင်အမာရှိတဲ့ အသင်းတွေဖြစ်ကြပါတယ်။

                                                                         

(SO)






အခြားဆက်စပ်သတင်းများ