နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ရှိမှာအကောင်းဆုံးဖြစ်နေတဲ့ အင်တာမီလန် လေဗာကူဆင်ကို ဖြတ်ကျော်နိုင်မလား

ဩဂုတ်  ၉


လက်ရှိမှာ အင်တာဟာ ခြေစွမ်းအကောင်းဆုံးဖြစ်နေပါတယ်။ ရာသီအစ လိဂ်ခြောက်ပွဲဆက်နိုင်ခဲ့တုန်းက ထက်တောင်ခြေစွမ်းပိုတက်နေပါတယ်။  ဂီတာဖေကိုခြေမဆာဘဲနဲ့အင်တာနိုင်ခဲ့တာပါ။ ဒါဟာအသင်းကြီးတွေရဲ့ အထာပဲဖြစ်ပါတယ်။ လူကာကူဂိုးသွင်းကောင်းဆဲဖြစ်ပြီး ခံစစ်ပိုင်းပေးဂိုးမရှိပွဲတွေဆက်တိုက်ရနေတာက အင်တာကို ယုံကြည်မှုပိုရှိစေပါတယ်။

       ကိုင်ဟာဗက်ဇ် ဘယ်တော့ထွက်ရမလဲမျှော်လင့်နေရတဲ့ လေဗာကူဆင် ဥရောပမှာထိပ်တန်းအဆင့် မရှိပါဘူး၊ လေဗာကူဆင်ရဲ့ အဓိကအားနည်းချက်က ခံစစ်ပေါက်တာရယ်၊ ခြေစွမ်းတစ်သမတ်တည်းမရှိတဲ့ အချက်တွေဖြစ်ပါတယ်။ လေဗာကူဆင်တိုက်စစ်ကတော့ ထက်မြတ်တာရှားပြီး နည်းပြပီတာဘော့စ်ဟာ အေဂျက်နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်ခဲ့ဖူးပါတယ်။

ဒီနှစ်သင်းရဲ့ ထူးခြားချက်တွေက အင်တာဟာ ဥရောပအဆင့်တွေ့ဆုံမှုနှစ်ကြိမ်ရှိခဲ့ပြီး နှစ်ကြိမ်စလုံး အင်တာနိုင်ခဲ့ပါတယ်။ ယခုပွဲကို ဒက်ဆယ်ဒေါ့ဖ်ကွင်းမှာ ကစားမှာပါ။ လေဗာကူဆင် ယခုရာသီ ဒက်ဆယ်ဒေါ့ဖ်ကွင်းမှာ ၁-၃ နဲ့ လိဂ်နိုင်ပွဲရရှိခဲ့ဖူးပါတယ်။ အင်တာပြိုင်ပွဲစုံ ငါးပွဲဆက်ပေးဂိုးမရှိကစားခဲ့ရပါတယ်။ လေဗာကူဆင်ကလည်း ယူရိုပါလိဂ်နောက်ဆုံး ကိုးပွဲဆက်ရှုံးပွဲမရှိခဲ့ပါဘူး။ ဒီတစ်ရာသီလုံးမှာ အင်တာအကောင်းဆုံးက လက်ရှိအချိန်ပါ။  အတ္တလန္တာလိုအသင်းမျိုးကို ဂိုးမပေးရအောင်ထိန်းချုပ်နိုင်ခဲ့တဲ အင်တာခံစစ်သိပ်ကောင်းခဲ့ပါတယ်။ အဓိက ကွာဟချက်က နှစ်ဖက်အသင်းသားတွေရဲ့သမ္ဘာပိုင်းပါ။ ဒါကြောင့် အင်တာမီလန်အသင်း လေဗာကူဆင်ကို တကယ်ဖြတ်ကျော် ဆီမီးဖိုင်နယ်ကိုတက်သွားမလားဆိုတာကိုတော့ ဩဂုတ် ၁၀ ရက်၊ ည ၁ နာရီခွဲ(တနင်္လာ)မှာ စောင့်ကြည့်ဖို့တော့လိုမှာပါ။                                                   

(SO)






အခြားဆက်စပ်သတင်းများ