နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှေ့တန်းရဲသုံးဖော်အစွမ်းပြနေတဲ့ မန်ယူ ဒိန်းမတ်ကလပ်ကိုဖြတ်ကျော်နိုင်မလား

 ဩဂုတ်  ၉


ပြီးခဲ့တဲ့ LASK နဲ့ပွဲမှာ မန်ယူအရန်ကစားသမားအများစုနဲ့ ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ကွာတား ဖိုင်နယ် တက်လာခဲ့တာပါ။ ဒီပွဲကိုတော့ ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ်ရဲ့သုံးဖော်နဲ့ပွဲထွက်လာပါလိမ့်မယ်။ ဂျာမန်မြေမှာ တစ်ပွဲကောင်းစားရမှာဖြစ်လို့ အသင်းတိုင်း အမှားမခံကြတော့ပါဘူး။ နည်းပြ ဆိုးလ်ရှားဗျူဟာထုတ်သုံး ရမှာပါ။ ဒီပွဲမှာအသင်းတွေရဲ့ လူအင်အားစုဖွဲ့မှု၊ လုပ်နိုင်စွမ်းတို့အပေါ် အဓိကတည်မီသွားပါလိမ့်မယ်။ မန်ယူဟာ လီဗာပူးလ်နဲ့ မန်စီးတီးနောက်မှာရပ်တည်ပြထားတဲ့ အသင်းဖြစ်ပါတယ်။ ယူရိုပါလိဂ်ကိုလည်း အရယူဖို့အားခဲထားတဲ့အသင်းဖြစ်ပါတယ်။

          ဒိန်းမတ်ကလပ်ကိုပင်ဟေဂင်ဟာ  အစဉ်အဆက်ခံစစ်တောင့်တင်းမှုနဲ့ ဖြစ်တည်လာတဲ့အသင်းဖြစ်ပါ တယ်။ နာမည်ရှိတဲ့ နော်ဝေသားနည်းပြဆိုလ်ဘက်တင် ကိုင်တွယ်နေတဲ့ ကိုပင်ဟေဂင်ဟာ  ဒီနှစ်ယူရို ပါလိဂ်ပြိုင်ပွဲတစ်လျှောက် မာကျောတောင့်တင်းမှုကို ပြသနိုင်ခဲ့ပါတယ်။  ပြီးခဲ့တဲ့အဆင့်မှာ ဘာဆာဆီဟာကို အိမ်ကွင်းမှာအပြတ်ပြန်ဖြတ်ပြီး ကွာတားဖိုင်နယ်ဆီ ထိုက်ထိုက်တန်တန်တက်လာခဲ့တာပါ။ ဒဏ်ရာ ပျောက်ကင်းပြီးဖြစ်တဲ့ ဒိန်းမတ်လူငယ်တိုက်စစ်မှူး ဂျိုနက်စ်ဝင်းဟာ နောက်ဆုံးကစားခဲ့တဲ့လေးပွဲမှာ လေးဂိုး သွင်း ထားနိုင်ပါတယ်။

ဒီနှစ်သင်းမှာ မန်ယူက ဗိုလ်စွဲရန်ရေပန်းအစားဆုံးအသင်းဖြစ်နေပါတယ်။ ယခုရာသီယူရိုပါလိဂ် ၁၀ ပွဲကစားရာ ၇ နှစ်ပွဲတိတိ မန်ယူတို့ပေးဂိုးမရှိခဲ့ပါဘူး။ ယခုနှစ်ယူရိုပါလိဂ်မှာ ဂိုးသွင်းအများဆုံးတိုက်စစ်အတွဲကို ပိုင်ဆိုင်ထားတာက မန်ယူပါ။ ဂိုးပေါင်း ၆၂ ဂိုးထိသွင်းယူထားပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း မန်ယူတို့ တတိယရထားပါတယ်။ ကိုပင်ဟေဂင်က ဥရောပပွဲပေါင်း ၁၆ ပွဲမှာ ၇ ပွဲနိုင် ၆ ပွဲသရေ ၃ ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားပါ တယ်။ ကြားမြေမှာကစားရမှာပါ။ ကိုပင်ဟေဂင်တို့ကတော့ စုစည်းညီညွတ်စွာနဲ့ ပိတ်ဆို့ကစားမှာပါ။ ဒါကြောင့် မန်ယူတို့ ကိုပင်ဟေဂင်ကိုဖြတ်ကျော်ပြီး ဆီမီးဖိုင်နယ်ကိုရောက်မရောက်ဆိုတာကိုတော့ ဩဂုတ် ၁၀ ရက်၊ ၊  ည ၁ နာရီခွဲ(တနင်္လာ)မှာ စောင့်ကြည့်ဖို့တော့လိုမှာပါ။                                                  

 (SO)






အခြားဆက်စပ်သတင်းများ