နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန့်ရှင်းသပ်ရပ်သော မြို့တော်ဆီသို့

ရန်ကုန်   ဩဂုတ်  ၉


မြန်မာနိုင်ငံသည် တိုးတက်ပြောင်းလဲလာသော အခြေအနေနှင့် ပွင့်လင်းမြင်သာသော ယနေ့ကာလတွင် တိုးတက်ပြောင်းလဲမှုများနှင့် မြင်တွေ့နေရပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် မူလကတည်းက ရေမြေသဘာဝနှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများအရ စိတ်ဝင်စားဖွယ်နေရာ အမြောက်အမြားရှိနှင့်ပြီးဖြစ်သည်။ အံ့ချီးဖွယ်ကောင်းသော ရှေးဟောင်းယဉ်ကျေးမှု ဗိသုကာလက်ရာများ၊ အပန်းဖြေအနားယူရာနေရာများလည်း လည်း သူ့ဒေသနှင့်သူ ရှိနေသည်။

COVID-19 ရောဂါအလွန်တွင် ထိုအခြေခံကောင်းများကို အကြောင်းပြု၍ရောက်ရှိလာကြမည့် ခရီးသွား ဧည့်သည်များကို ဖော်ရွေနွေးထွေးစွာ ကြိုဆိုကြမည်မှာ မြန်မာတို့၏ အစဉ်အလာကောင်းများဖြစ်သည်။ ရန်ကုန် မြို့သည် မိမိတို့နိုင်ငံတွင် စီးပွားရေးအချက်အချာမြို့ဖြစ်သည့်အပြင် နိုင်ငံတကာဧည့်သည်များ ဝင်ထွက်သွားလာ ရာ မြို့တော်လည်းဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့၏ အဓိကလုပ်ငန်းဖြစ်သော ရေ၊ မီး၊ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ လုံခြုရေးလုပ်ငန်းများမှအစ ပါဝင်လုပ်ဆောင်ရပါကြောင်း၊ ဌာနအချင်းချင်း ချိတ်ဆက်မှုအားကောင်းရန်လိုအပ်ပြီး ယခုမိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သဖြင့် လမ်း၊ တံတား၊ ရေစီးရေလာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနများ ချိတ်ဆက် လုပ်ဆောင်သွားကြရန်လိုကြောင်း၊ ယင်းသို့ချိတ်ဆက်မှုအားကောင်းပါက ရန်ကုန်မြို့အနေဖြင့် တိုးတက်ကောင်း မွန်လာမည်ဖြစ်ကြောင်း၊ ထို့အပြင် ရှိရင်းစွဲ အဆောက်အဦများ သစ်လွင်တောက်ပရေးသည်လည်း လိုအပ် ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဩဂုတ် ၅ ရက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ဌာနမှူးများ၏ လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းမှာကြားခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ရှေးဟောင်းသာသနိက အဆောက်အအုံများ၊ နေအိမ်ခြံ စည်းရိုးများ၊ အိမ်အမိုးများ သန့်ရှင်းသပ်ရပ်ရေးနှင့် သစ်လွင်လှပရေးသည် မြို့တော်၏ ပသာဒကို အားဖြည့်ပေး ခြင်းပင်ဖြစ်သည်။ နေအိမ်ခြံစည်းရိုးများ၊ အိမ်အမိုးများဆေးသုတ်ခြင်း၊ တွယ်ကပ်ပေါက်နေသည့် သစ်ပင်နှင့် ချုံနွှယ်ပိတ်ပေါင်းများကို ရှင်းလင်းရန်လိုအပ်သည်။ ရန်ကုန်မြို့ကြီး သန့်ရှင်းသပ်ရပ်ရေး မြို့တော်နေပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ