နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဩဂုတ် ၉


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီးခြင်းဆောင်ရွက်ခဲ့ရာ ဩဂုတ် ၈ ရက်၊ နံနက် ၄ နာရီ ၅ မိနစ်အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် လေးထောင့်ကန် လမ်းမပေါ်၌ နေလင်းစိုးထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၄ နာရီ ၁၀ မိနစ်အချိန်တွင် (၁၀၅)ရပ်ကွက်၊ မြဝတ်ရည်လမ်းမပေါ်၌ စည်သူထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ထက်မြတ်ထွန်းထံမှ အရိုးအသွား (၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့ဝင်များသည် ည ၇ နာရီအချိန်တွင် (၅)ရပ်ကွက်၊ ချင်းတွင်းလမ်းမ ပေါ်၌ သက်ပိုင်ဖြိုးထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၈ နာရီ ၅ မိနစ်အချိန်တွင် ရွှေဘုံသာလမ်းမပေါ်၌ ကော်တုံထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ 

မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီအချိန်တွင် အနမ်းပင်ရပ်ကွက်၊ တပင်ရွှေထီး လမ်းမဘေး၌ ရဲဇော်ထက်ထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း  သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူ ခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ