နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖားကန့်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖားကန့် ဧပြီ ၁၇ ဧပြီ ၁၆ ရက်၊ နံနက် ၁ နာရီ ၁၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ မှော်တောင်းရပ်ကွက်(၁)လမ်းပေါ်တွင်တွေ့ရှိသူ မလှလှသင်းအား ရှာဖွေရာ ယင်းလက်အတွင်း ကိုင်ထားသည့် ကော်ဘူးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် မလှလှသင်း (၃၅)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ