ရွှေကူ ဩဂုတ် ၈
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် ကွန်ကရစ်လက်မှုပညာဖြင့် အိမ်အသုံးအဆောင် ပစ္စည်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများအား တစ်ပိုင်တနိုင်ပြုလုပ်ကာ အသက်မွေးဝမ်းကျောင်းပြုလုပ်ရောင်းချနေသူများမိသားစုအတွက် ပုံမှန်ဝင်ငွေများရရှိ၍ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ရွှေကူမြို့နယ်တွင် ကွန်ကရစ်ပစ္စည်းများပြုလုပ်ရောင်းချမှုများနှင့်ပတ်သက်၍ ကွန်ကရစ်ပစ္စည်းများကိုလိုအပ်သူများအသင့်အလွယ်တကူဝယ်ယူအသုံးပြုနိုင်သည့်အတွက် အိမ်ဆောက်ရာတွင် အသုံးပြုသည့် ကျင်တွယ်တိုင်များ၊ ကွန်ကရစ်တိုင်များ၊ မီးသွေးမီးဖိုများ၊ အလှပန်းအိုးများ ၊ ရေပြွန်များ၊ ရေကန်များနှင့် ရေတွင်းဂွေများစသည့်ကွန်ကရစ်ဖြင့် ပြုလုပ်သည့်ပစ္စည်းများကိုဝယ်ယူသူများပြားလာသောကြောင့် ကွန်ကရစ်လက်မှုပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ရောင်းချရခြင်းဖြစ်ကြောင်း ရွှေကူမြို့တွင် ကွန်ကရစ်ပစ္စည်းများ ပြုလုပ်ရောင်းချနေသည့် ဦးလင်းထက်အောင်ကပြောပြ၍ သိရသည်။
ရွှေကူမြို့နယ်တွင် ကွန်ကရစ်လက်မှုပညာဖြင့် လူသုံးကုန်ပစ္စည်းများပြုလုပ်ရောင်းချသူ များစွာရှိသော်လည်း ကွန်ကရစ်လုပ်ငန်းပြုလုပ်ရောင်းချသူများတွင်ကုန်ကြမ်းများဝယ်ယူရာ၌ အခက်အခဲမရှိသည့်အတွက် ကွန်ကရစ်ဖြင့်ပြုလုပ်သည့်ပစ္စည်းများအား ဝယ်ယူသူများပြားသဖြင့် လုပ်ငန်းလုပ်ကိုင်သူများ ပုံမှန်ဝင်ငွေများ ရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)