နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကြီးမြို့နယ်၌ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

တောင်ကြီး ဧပြီ ၁၇ ဧပြီ ၁၆ ရက်၊ မွန်းတည့် ၁၂ နာရီခွဲအချိန် တောင်ကြီးမြို့နယ်၊ ဘန်ခွဲကျေးရွာအဝင် တောင်ကြီး-မိုင်းပြင်း ကားလမ်း၌ နယ်မြေခံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝင်းနိုင်စိုး (၃၃)နှစ်မောင်းနှင်ပြီး ဒေါ်အိသန္တာအောင်(၃၃)နှစ်နောက်ထိုင်လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ဒေါ်အိသန္တာအောင် ကိုင်ဆောင်ထားသော လက်ဆွဲအိတ်အတွင်းမှ ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၇၇၀၀ ပြားအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဧပြီ ၁၇ ရက်၊ နံနက် ၃ နာရီ ၁၀ မိနစ်အချိန် ဝင်းနိုင်စိုးနှင့် ဒေါ်အိသန္တာအောင်တို့ ၂ ဦး(ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ