နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Vivo မှ S Series ၏ Limited Edition စမတ်ဖုန်းသစ်ကို မကြာမီ မိတ်ဆက်ပြသမည်

ရန်ကုန် သြဂုတ် ၇

နာမည်ကျော် စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Vivo က S Series ရဲ့ Limited Edition စမတ်ဖုန်းအသစ်ကို  သြဂုတ်လအတွင်းမှာ မိတ်ဆက်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
Vivo သည်စမတ်ဖုန်းကင်မရာပိုင်းဆိုင်ရာလုပ်ဆောင်မှုများနဲ့ အရည်အသွေးပိုင်းမှာ ဦးဆောင်သူအနေနဲ့ ရပ်တည်နေခြင်းကို ကမ္ဘာတစ်ဝန်းမှ သိရှိလက်ခံထားတဲ့အချက်လဲဖြစ်ပြီး  အရင်ထွက်ပြီးသား S Series မော်ဒယ်လ်တွေဖြစ်တဲ့ S1 နှင့် S1 Pro တို့ရဲ့ အောင်မြင်မှုဖြစ်ကြောင်းသိရသည်။

မကြာမီ ထွက်ရှိလာမည့်Limited Edition စမတ်ဖုန်းကိုတော့ Vivo Si Prime ဟု ခေါ်တွင်ပြီးအရင်က ထွက်ပြီးခဲ့တဲ့ S Series မော်ဒယ်လ်တွေလိုပဲ AI နည်းပညာသုံး ကင်မရာ ၄ လုံး (AI Quad Rear Camera) တပ်ဆင်ပေးထားတဲ့ စိန်ပွင့်ပုံစံ ကင်မရာ စနစ်လည်း ပါဝင်လာမည်ဖြစ်သည်။

အဆိုပါကင်မရာစနစ်မှာ 48MP ပင်မကင်မရာ၊ 8MP ပူးတွဲ ကင်မရာတွေအပြင် အရည်အသွေးမြင့်ဓာတ်ပုံတွေကို အမိအရ ရိုက်ကူးနိုင်ဖို့အတွက် 2MP မြင်ကွင်းကျယ် ကင်မရာနဲ့ 2MP အနီးရိုက်ကင်မရာတို့ကိုပါ ထည့်သွင်းတပ်ဆင်ပေးထားကြောင်းသိရသည်။
Vivo အနေနဲ့ S1 Prime Limited Edition ဖန်တီးတီထွင်ထုတ်လုပ်မှုကို  အခြေခံပြီး ဈေးကွက်အတွင်း နောက်ကျောဘက်ကင်မရာနဲ့  Selfie ကင်မရာထုတ်လုပ်မှုအပိုင်းမှာ  အကောင်းဆုံအနေအထားဖြင့်ဆက်လက် ထိန်းသိမ်းသွားဖို့အတွက် ကြိုးစားထားကြောင်းသိရသည်။

Vivo S1 Prime ရဲ့ နောက်ကျောဘက် ကင်မရာစနစ်ဟာ အလင်းအားနည်းတဲ့ ညဘက်အချိန်မှာတောင် ရင်သပ်ရှုမောဖွယ်ရာ ဓာတ်ပုံတွေကို အမိအရ ရိုက်ကူးပေးနိုင်မည့်အရေးကြီးတဲ့ ကင်မရာလုပ်ဆောင်ချက်လည်း ပါရှိကြောင်းသိရသည်။
Vivo ရဲ့   ထူးခြားကောင်းမွန်တဲ့ တခြားစမတ်ဖုန်းတွေလိုပဲ S1 Prime ဟာလည်း ထူးခြားပြီး ဆွဲဆောင်မှု အပြည့်ရှိကာ မျက်နှာပြင်အောက် လက်ဗွေလုံခြုံရေးစနစ်၊ များပြားတဲ့ သိုမှီးမှုပမာဏ၊ ကြာရှည်ခံဘက်ထရီ၊ ကျစ်လျစ်သေသပ်တဲ့ ပုံစံဒီဇိုင်းပါရှိပြီး။ မျက်နှာပြင် (Display) အပိုင်းမှာတော့ မိုးရေစက်ပုံစံ ထွင်းထားတဲ့  Super AMOLED Waterdrop မျက်နှာပြင်တပ်ဆင်ထားဖွယ်ရှိပြီး Full HD+ ပုံထွက်နှုန်းကို အပြည့်အဝ     ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

Vivo သည်S1 Prime ကနေတစ်ဆင့် စမတ်ဖုန်းနဲ့ ပတ်သက်လာရင် ဓာတ်ပုံဝါသနာရှင်တွေသာမက ခေတ်နဲ့ညီတဲ့ ဒီဇိုင်းအသစ်အဆန်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ လူငယ်စမတ်ဖုန်းသုံးစွဲသူတွေရဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးနိုင်ကြောင်းသိရသည်။
နောက်ဆုံးပေါ် ကင်မရာအရည်အသွေး၊ ကျစ်လျစ်လှပတဲ့ပုံစံဒီဇိုင်း၊ စတိုင်ကျတဲ့အသွင်အပြင်နဲ့ ဖုန်းအသုံးများသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့်စွမ်း ဆောင်ရည်တွေက Vivo S1 Prime ရဲ့ အဓိကကျတဲ့ ထူးခြားချက်များ ဖြစ်ကြောင်းသိရသည်။   

AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ