နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၃/၄) အနီး မန္တလာမင်း ခရီးသည်ယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်

ရန်ကုန်  သြဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၃/၄) အနီးတွင် သြဂုတ် ၈ ရက် နံနက် ၃ နာရီခွဲခန့်က မန္တလာမင်းခရီးသည်ယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်း မှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၈ ရက် နံနက် ၃ နာရီခွဲခန့်က အမြန်လမ်းမကြီး နေပြည်တော်ဘက်မှ ရန်ကုန် ဘက်သို့ ယာဉ်မောင်းဉာဏ်နိုင်လင်း (၂၇) နှစ် နှင်းဆီကုန်းရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် YGN 4Q/-----HIGER အမျိုးအစား အနီရောင် မန္တလာမင်း ခရီးသည်ယာဉ် အား မောင်းနှင်လာစဉ် မိုင်တိုင်အမှတ်(၁၃/၄)အနီးတွင် ယာဉ်၏ ရှေ့ဝဲဘက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် ကာရံထားသည့် ကပ်တုံး(၃၀)နှင့် တံတားအားကာရံထားသည့် GUARD POST (၅)တိုင် အား ဝင်ရောက်တိုက်မိပြီး လမ်းလယ်ကျွန်းပေါ်တွင် တိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်၏ ရှေ့လေကာမှန်ကွဲ၊ ရှေ့ဘန်ကာကျိုး၊ ယာဘက်ဘေးဘော်ဒီပိန်ချိုင့် ပျက်စီးသွားသဖြင့် ကာလတန်ဖိုး  ၇ သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ယာဉ်ပေါ်ပါရှိသူ ၂၂ ဦးအနက် ကျား ၃ ဦး၊ မ ၂ ဦး၊ စုစုပေါင်း  ၅ ဦးအနက် မှ ဒေါ်ခင်အေးညို(၄၇)နှစ် ၅/၆ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေသူတွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊ ပြတ်ရှဒဏ်ရာ (၂)ချက်၊ ယာဒူးပွန်းပဲ့ဒဏ်ရာများ ရရှိပြီး အတွင်းလူနာ(စိုးရိမ်ရ)နှင့် ကျန် ၄ ဦးတို့တွင် ဒဏ်ရာများရရှိကာ အတွင်းလူနာ(မစိုးရိမ်ရ)တို့ဖြင့် လှည်းကူးဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အများပြည်သူဆိုင်ရာလမ်းပေါ်တွင် လူ့အသက်အန္တရာယ်ဖြစ်စေနိုင်အောင် ယာဉ်အား ပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်း ဉာဏ်လင်းနိုင်အား ယာဉ်(ပ)၂၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့် လှည်းကူးမြို့နယ် အမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)






အခြားဆက်စပ်သတင်းများ