နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ်သစ်မင်္ဂလာတွင်နိုင်ငံတော်မှပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး လာရောက်ကြိုဆိုသူတို့ ပြုံးပျော်လျက်ရှိ

ရန်ကုန် ဧပြီ ၁၇ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း၊ မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်ဖြင့်လည်းကောင်း နိုင်ငံတော်သမ္မတက အကျဉ်းထောင်/စခန်းအသီးသီးတို့၌ အကျဉ်းကျခံနေသော အကျဉ်းသား၊ အကျဉ်းသူ ၂၄၈၉၆ ဦး ကိုဧပြီ ၁၇ ရက်၊ နံက်ပိုင်းတွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ရာ လာရောက်ကြိုဆိုသောမိသားစုဝင်တို့ ဝမ်းသာပီတိဖြင့်အားရပျော်ရွှင်စွာကြိုဆိုခဲ့ကြကြောင်းသိရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုမ်မ ၂၀၄၊ပုဒ်မခွဲ(က)အရ အကျဉ်းထောင်/စခန်းအသီးသီးရှိ အကျဉ်းသား၊ အကျဉ်းသူ ၂၄၈၉၆ ဦးကိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအင်းစိန်အကျဉ်းထောင်မှအကျ ဉ်းသား/သူ ၂၆၀ဝ ကျော်ကိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး လှိုင်သာယာမြို့နယ်မှ အကျဉ်းသား ၂၅၉ ဦးနှင့်အကျဉ်းသူ ၃၂ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်သည်။ အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ရသောအကျဉ်းသားများကို သက်ဆိုင်ရာမြို့နယ်အလိုက် YBSယာဉ်များဖြင့် နံက် ၁၀ နာရီ ၄၅ မိနစ်မှ စတင်၍ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ မြန်မာနှစ်ဆန်း(၁)ရက်နှစ်သစ်ကူးနေ့တွင် မြန်မာနိုင်ငံရှိအကျဉ်းထောင်/စခန်းအသီးသီးမှ အကျဉ်းသား/သူ ၂၄၈၉၆ ဦးအားပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် သေဒဏ်ပစ်ဒဏ် ကျခံနေရသူများကို ထောင်ဒဏ် တစ်သက်(လွတ်ရက်မရှိ)ပြစ်ဒဏ်သို့ ‌ပြောင်းလဲကျခံစေရန်၊ နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ် သက်ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေရန် (ယခင်ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်အမိန့်များအရသေဒဏ်မှ ထောင်ဒဏ်တစ်သက်သို့ပြောင်းလဲထားသူများမပါ)၊ ထောင်ဒဏ်နှစ် ၄၀ နှင့် အထက် ကျခံနေရသူများကို ထောင်ဒဏ်နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေရန်နှင့် ထောင်ဒဏ် နှစ် ၄၀ နှင့်အောက် ကျခံနေရသူများကို ယင်းတို့ကျခံနေရသော ထောင်ဒဏ်၏ လေးပုံတစ်ပုံအားလျှော့ပေါ့ကျခံစေရန် နိုင်ငံတော် သမ္မတ၏အမိန့်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်ရာ လာရောက်ကြိုဆိုသောပြည်သူတို့မှာ ယခုလို လွတ်ငြိမ်းခွင့် အပေါ်ဝမ်းသာအားရလျက်ရှိသည်။ “အန်တီသားလေး ဒီနေ့လွတ်လာမယ်ဆိုတော့အရမ်းပျော်တယ်။ သူ့ညီမတွေလည်းအားလုံး လိုက်လာကြတယ်။ COVID-19 ကန့်သတ်မှုလည်းရှိတယ်ဆိုတော့ ကားထဲကပဲ စောင့်နေကြတာ။ သူ့အဖေတော့ဂိတ်တံခါးနားမှာစောင့်နေတယ်။ ကလေးက ဆေးမှုနဲ့ကျတာ။ အသက် ၂၉ နှစ်ရှိပြီ။ မဂိုလမ်းမှာ အလုပ်လုပ်တာ။ နှစ်သစ်ကူးမှာ အခုလို လွှတ်ပေးတာကို အတိုင်းမသိကျေးဇူးတင်တယ်။ မိဘရင်ခွင်ပြန်ရောက်တယ် ဆိုတော့ နေ့စဉ်ပူပန်နေရမှုလည်းကင်းသွားတာပေါ့နော်။ နိုင်ငံတော်ကို အရမ်းကျေးဇူးတင်ပါတယ်၊ အတိုင်းမသိပါပဲ”ဟု အင်းစိန်အကျဉ်းထောင်ဂိတ်ဝတွင် သုဝဏ္ဏနှင်းဆီကုန်းမှ လာရောက်သော မိခင်ဖြစ်သူဒေါ်နိုင်နိုင်ထွန်းက ဝမ်းသာပီတိစကားပြောသည်။ ဓာတ်ပုံ - ကနူး






အခြားဆက်စပ်သတင်းများ