နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အကောင်းဆုံး လှံတံပစ်စံချိန်ရှင် ဂျာမနီသားလေး ဂျိုဟန်နက်ဗက်တာ

ဩဂုတ်  ၈

ဖင်လန်နိုင်ငံ၊ ကူအာတိန်းမြို့မှာ ဩဂုတ် ၁ ရက်နေ့ကစပြီး ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ပြေးခုန်ပစ်တိုက်ကြီးများ ပတ်လည်ပြိုင်ပွဲမှာ  ဂျာမနီမှ ဂျိုဟန်နက်ဗက်တာက ဇန်နဝါရီနှောင်းပိုင်းမှစကာ ကမ္ဘာ့အကောင်းဆုံးလှံတံပစ်     စံချိန်တစ်ရပ်ကိုရရှိခဲ့ကြောင်း သိရပါတယ်။

အခြားပွဲစဉ်တွေဖြစ်တဲ့ သံပြားပစ်ကမ္ဘာ့ချန်ပီယံ ဆွီဒင်မှ ဒစ်နီယယ်စတယ်က ၆၈ ဒသမ ၆၈ မီတာ နဲ့ အနိုင်ရခဲ့ပါတယ်။ ဗြိတိန်မှ ဟိုလီဘရက်ဂရှာက တုတ်ထောက်ခုန်ပြိုင်ပွဲမှာ ၄ ဒသမ ၇၃ မီတာနဲ့ အနိုင်ရဗိုလ်စွဲခဲ့ကြပါတယ်။ ဂျာမနီမှ ဂျိုဟန်နက်ဗက်တာဟာ နောက်ဆုံးလှံတံပစ်ချက်မှာ ၈၆ ဒသမ ၉၄ မီတာပစ်နိုင်ခဲ့တာကြောင့် ၂၀၁၉ ဒိုဟာပြိုင်ပွဲလက်ရည်စစ်ပွဲအပြီး ယင်းရဲ့အကောင်းဆုံးစံချိန်ဖြစ်ကြောင်း သိရပါတယ်။ အမျိုးသမီးလှံတံပစ်ပြိုင်ပွဲမှာတော့ လက်ဗီးယားမှ လီနာမူဇေက ၆၂ ဒသမ ၇၅ မီတာဖြင့် ဗိုလ်စွဲ ပြီး အမျိုးသမီးမီတာ ၁၁၀ တန်းကျော်ပြေးပွဲမှာ ဖင်လန်မှ အန်နီမရီကျော်တေက ၁၂ ဒသမ ၈၈ စက္ကန့်ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ကြပါတယ်။                                                                            

(SO)






အခြားဆက်စပ်သတင်းများ