ဩဂုတ် ၈
မက်ဆီဟာ ဘာစီနဲ့စာချုပ်သစ်မချုပ်ဖြစ်ခဲ့ဘူးဆိုရင် အင်တာမီလန်အသင်းက ယူရိုသန်း ၂၆၀ တန်ကြေးရှိတဲ့ စာချုပ်နဲ့လေးနှစ်စာချုပ်မယ်လို့ အီတလီရဲ့ထိပ်တန်းမီဒီယာ Gazzetta dello Sport ဂျာနယ်က ရှင်းလင်းဖော်ပြ ထားတာတွေ့ရပါတယ်။ မက်ဆီဟာ ဘာစီလိုနာနဲ့စာချုပ်က တစ်နှစ်ပဲကျန်ပါတော့တယ်။ မက်ဆီကတော့ အသက် ၃၃ နှစ်ရှိပေမယ့် သန်တုန်းမြန်တုန်းကစားနိုင်တုန်းပါပဲ။
ဘာစီအသင်းမှာ ဘာတိုမြူရွေးကောက်ပွဲနှင့်အတူ ဘာစီလိုနာဥက္ကဋ္ဌအသစ် အပြောင်းအလဲဖြစ်ပေါ်ခဲ့ ပါတယ်။ နောက်အသင်းရဲ့ဘဏ္ဍာရေးဟာ အဆိုးဝါးဆုံးဖြစ်ပေါ်နေပါတယ်။ အသင်းဟာ မက်ဆီလိုချင်နေတဲ့ အနေအထားတွေမဟုတ်ပါဘူး၊ ရုန်းတင်နေရတာကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့ဆွေးနွေးမှုကိုပါ ရပ်တန့်ထား ပါတယ်။ မက်ဆီကိုယ်တိုင်စာချုပ်သစ်ကိုစိတ်မပါဘဲ ရာသီအကုန်မှာ အလွတ်ကြေးနဲ့ထွက်ခဲ့ရင် ခေါ်ယူ မယ့်အသင်းတွေက ဒုနဲ့ဒေးပါပဲ။
နောက်မက်ဆီအသည်းစွဲပရိသတ်ဖြစ်တဲ့ ဥက္ကဋ္ဌ၊ ရော်နယ်ဒိုရှိနေတဲ့ စီးရီးအေဂျူဗင်တပ်အသင်းနဲ့ ပြိုင်ဘက်အင်တာမီလန်က ပြောင်းရွှေ့ကြေး မပေးရတဲ့ အားကစားသမားကို လေးနှစ်စာချုပ်နဲ့ချုပ်မှာပါ။ တစ်နှစ်ကို ယူရိုသန်း ၅၀ လောက်ထိ မက်ဆီအသားတင်ရမှာပါဆိုတော့ မက်ဆီဘယ်လိုမှ ငြင်းရက်စရာမရှိပါဘူး။ မက်ဆီကို အင်တာက လုံးကနဲပေးရတာမျိုးမဟုတ်ပါဘူး၊ လစာအနေနဲ့ပေးရတဲ့အပြင် မက်ဆီနဲ့ပတ်သက်ပြီး ပြန်ရမယ့်အကျိုးအမြတ်တွေကြောင့် အင်တာရှုံးစရာ အကြောင်းမရှိပါဘူး၊ စီးရီးအေဟာလည်း မက်ဆီ၊ ရော်နယ်ဒိုတို့ရဲ့ သက်ကြီး ပြိုင်ဆိုင်မှုတွေကြောင့် ပိုမိုခမ်းနားလာမှာပါ။ ဒီတော့မက်ဆီအနေနဲ့ ကလပ်နဲ့ပဲ စာချုပ်သစ်ချုပ်မလား၊ ဒါမှမဟုတ် စာချုပ်သစ်မချုပ်တော့ဘူးလားဆိုတာကတော့ စိတ်ဝင်စားစရာအလွန်ကောင်းနေပါတယ်။
(SO)